နေပြည်တော် ဧပြီ ၉
ကမ္ဘာ့အမျိုးသမီးညီလာခံ (ဘေဂျင်း) လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအတွက် သုံးသပ် ဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပ သည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မြန်မာနိုင်ငံအနေဖြင့်၁၉၉၅ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့၌ ကျင်းပသောစတုတ္ထအကြိမ် အမျိုးသမီးရေးရာ ကမ္ဘာ့ညီလာခံကို တက်ရောက်ခဲ့ပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို တက်ကြွစွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (Myanmar National Committee on Women-MNCW) ကို ၁၉၉၆ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါကော်မတီကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ၂၀၁၈ခုနှစ်ဇွန်လ၂၀ ရက်နေ့တွင် ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီကိုပြန်လည်ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)-NSPAW ကို ဘေဂျင်းလုပ်ငန်း စီမံချက်များ (Beijing Declaration and Platform for Action – BPFA)နှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း-CEDAW တို့ကို အခြေခံပြီးအဓိက လုပ်ငန်းနယ်ပယ် (၁၂) ရပ်နှင့် ရေးဆွဲခဲ့ခြင်းဖြစ်ပါ ကြောင်း၊ အမျိုးသမီးများ အားနည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း CEDAW ပါ ကတိကဝတ်များနဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)တို့အား အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုး သမီးကော်မတီ အနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းနယ်ပယ် (၁၂)ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန် လုပ်ငန်းအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း။
နိုင်ငံအဆင့် အစီရင်ခံစာအပေါ် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အကောင်အထည်ဖော်မှု ပြန်လည် သုံးသပ်ခြင်းကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြု လုပ်မည့် Asia Pacific Intergovernmental Meeting on the Beijing + 25 မှာ လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် Commission on the Status of Women အစည်းအဝေးမှာလည်းကောင်း ပြန်လည်သုံးသပ် သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုး သမီးများ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာစီမံကိန်း (NSPAW)၏ နယ်ပယ် များအပေါ်လက်တွေ့ကျကျ ပြန်လည်သုံးသပ်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့တွင် ဆောင်ရွက် လျက်ရှိသော စီမံကိန်းများကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(၂၀၁၈-၂၀၃၀) (MSDP)ဖြင့် ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်နှင့် ကြုံတွေ့ရသည့်အားနည်းချက်/ အားသာချက်များအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးစေလိုပါ ကြောင်း၊ အမျိုးသမီးအရေးကို တက်ကြွစွာ ဆောင်ရွက်နေသော အမျိုးသမီး အဖွဲ့အစည်းများကလည်း အမျိုးသမီးများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များကို ပေါင်းစပ်တင်ပြဆွေးနွေး ဆောင်ရွက်ကြရန်ပြောကြားပါသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ၁၉၉၅ခုနှစ် ဘေဂျင်းအမျိုးသမီး ညီလာခံ ကြေညာချက်အပေါ် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များအား ဆွေးနွေးခြင်း၊ ကြေညာချက်ပါ (၁၂)ချက်အပေါ် ဆောင်ရွက်နိုင်မှုများ၊ စိန်ခေါ်မှုများ၊ အမျိုးသမီးနှင့် အသက်မွေးဝမ်းကြောင်းမှု၊ အမျိုးသမီးနှင့် ခေါင်းဆောင်မှု၊ အမျိုးသမီးနှင့် ကျန်းမာရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အချက်များအား ဆွေးနွေးခြင်းနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြကြောင်းသိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment