Tuesday, April 23, 2019

ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ပြည်သူများကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်


ကန်ကြီးထောင့် ဧပြီ ၂၂
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းအနီး တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေး စေတီတော်၌ တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် ကိန်းဝပ်စံပယ်တော်မူမည့် စကျင် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူတို့ ဒေသစာရီကြွချီမည့် လမ်းတစ်လျှောက်တွင် ပြည်သူများ ဖူးမြော်ကြည်ညိုကာသဒ္ဓါ တရားတတ် အားသရွေ့ ကုသိုလ်တော် ယူပါဝင်လှူဒါန်းနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကာ ဧပြီ ၁၉ ရက်မှစတင်၍ မြို့အဝင်၌ အလှူခံမဏ္ဍပ်ဖွင့်လှစ်ထားရှိကာ အလှူခံလျက် ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ် (ရန်ကုန်-ပုသိမ်) ကားလမ်းအတိုင်း ဧပြီ ၂၆ ရက်တွင် ဟင်္သာတမြို့သို့ ဒေသစာရီကြွချီလာမည့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့်အတူ စေတနာရှင်ပြည်သူများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူတို့ကို ဖူးမြော်ကြည်ညိုကာ စုပေါင်းလှူဒါန်းသော အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းထိုက် (KGD)

No comments:

Post a Comment