Tuesday, April 9, 2019

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ တတိယ (၁)နှစ်တာအတွင်း ပြုပြင်ပြောင်းလဲဆောင်ရွက်မှုများ

အစိုးရသစ် တာဝန်ထမ်းဆောင်သည့် သုံးနှစ်ပြည့်မြောက်သည့် အချိန်အထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာနအနေဖြင့် အပြောင်းအလဲများကို ဖော်ဆောင်ရန်အတွက် ပြည်သူများနှင့် အနီးစပ်ဆုံးဖြစ်အောင် ကြိုးစား၍ ပြည်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ရှေ့ဆက်၍လည်း ပူးပေါင်းဆောင်ရွက်နေဦးမည်ဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်း၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်အထည် ဖော်နိုင်သည့် လူမှု ကာကွယ်စောင့်ရှောက်မှုများ၊ ပြည်သူများ ဘေးအန္တရာယ် ကင်းဝေးရန်နှင့် ကျရောက်ပါက အလျင်အမြန်ကူညီပေးခြင်း၊ မူလထက် ပိုမိုကောင်းမွန်သော အခြေအနေ ပြန်လည် ရောက်ရှိရန် ကြိုးစားဆောင် ရွက်လျက်ရှိသည်။


  
 
 
 
 
 
လူမှုဒုက္ခများ၊ ဘေးအန္တရာယ်ခံစားရမှုများတွင် ထိရောက်သော ပြန်လည်ထူထောင်ေ ရး လုပ်ငန်းသည် အလွန်အရေးကြီးသည်ကို သိရှိသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် မူလက လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန နှစ်ခုသာ ရှိရာမှ ပြန်လည်ထူထောင်ရေး ဦးစီးဌာန အသစ်ကို ၂၀၁၈ ခုနှစ်တွင် ထပ်မံဖွဲ့စည်း ဖွင့်လှစ်ခဲ့သည်။
ပြည်သူကို တိုက်ရိုက်အကျိုးရှိမည့် လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်၏ ဘတ်ဂျက်ရရှိငွေကို မူလက ၀ ဒသမ ၀၉ ရာခိုင်နှုန်းမှ အစိုးရသစ် လက်ထက် တတိယနှစ်တွင် ၀ ဒသမ ၄၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ရရှိခဲ့သည်။
ပြည်သူ့ဘဏ္ဍာကို ပြည်သူ့ထံသို့ အလေအလွင့်မရှိ ရောက်ရှိအောင် ဆောင်ရွက် ရာတွင် မိမိတို့ ဝန်ကြီးဌာန၏ ဝန်ထမ်းအင်အား နည်းပါးသည့်အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှု အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ နှင့် ပြည်သူများ၏ အင်အားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပြည်သူများ အပြည့်အဝခံစားရရှိရန် ကြိုးပမ်းလျက်ရှိရာ ပြည်သူများ၏ တုံ့ပြန်သံများဖြင့် ပိုမိုထိရောက်သော နည်းလမ်း များကို ကြံဆဆောင်ရွက်လျက်ရှိသည်။
လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းဆိုင်ရာ မူဝါဒများ၊ ဥပဒေများ၊ မဟာဗျူဟာများနှင့် လုပ်ငန်း စီမံချက်များ ရေးဆွဲရာတွင် အထောက်အထား အခြေပြု သုတေသန ရလဒ်များ အပေါ်တွင် အခြေခံရန် လိုအပ်သဖြင့် သုတေသန စင်တာကို ဖွင့်လှစ်ပြီး ယင်းစင်တာမှ Protocol and Ethics Board (PEB) က သုတေသန စာတမ်းလေးခု အတည်ပြုဆောင်ရွက်နိုင်ခဲ့သည်။ MCCT Social Cohesion Survey on Earthquake နှင့် Rakhine Joint Assessment တို့နှင့်ပတ်သက်၍ လက်တွေ့အကျိုးပြုနိုင်သည့် စာတမ်းများကို ပြုစုနိုင်ခဲ့သည်။
ပြည်သူလူထု၏ လိုအပ်ချက်နှင့် အကျိုး ပြုမှုကို စိစစ်ကွပ်ကဲနိုင်ရန် စီမံကိန်းအကောင် အထည်ဖော် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကို ဖွဲ့စည်းပြီး ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း ၁၄ ဖွဲ့ကို စိစစ်နိုင်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိနိုင်ရန် နိုင်ငံတကာမှ အစိုးရအဖွဲ့ဝင်များ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိ သူများအား လက်ခံတွေ့ဆုံ၍ မူဝါဒဆိုင်ရာများ၊ နည်းပညာဆိုင်ရာများတွင် အပြုသဘောဆောင်သော ဆွေးနွေးမှုများမှ တစ်ဆင့် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။
လူမှုဝန်ထမ်းဦးစီးဌာနသည် ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီး အသက်ရှစ်နှစ်အထိ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိသည်။
ကလေးသူငယ်ပြုစု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း
ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီး နှစ်နှစ်အထိ လူသားဘ၀အစ ရက်ပေါင်း ၁၀၀၀ ကာလတွင် ဦးနှောက်ဖွံ့ဖြိုးမှု အမြင့်မားဆုံး ကာလဖြစ်၍ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးအသက် နှစ်နှစ်အထိ အာဟာရ ပညာ ပေးခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းကို မိခင်တစ်ဦးလျှင် တစ်လငွေကျပ်ကျပ် ၁၅၀၀၀ နှုန်းဖြင့် ၂၀၁၇ -၂၀၁၈ ခုနှစ်တွင် ချင်း၊ ရခိုင်နှင့် နာဂ တို့တွင် စတင်ခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် ကရင်နှင့် ကယားပြည်နယ်တို့တွင် တိုးချဲ့ ဆောင်ရွက်နိုင် ခဲ့သည်။ အစိုးရရန်ပုံငွေမှ ငွေကျပ် ၁၇ ဒသမ ၈၃၂ ဘီလီယံနှင့် နိုင်ငံတကာ ရန်ပုံငွေမှ ငွေကျပ် ၅ ဒသမ ၅၉၂ ဘီလီယံ ထောက်ပံ့နိုင်ခဲ့သည်။
အသက် ခြောက်လမှ သုံးနှစ်အထိ နေ့ကလေးထိန်းအရွယ်နှင့် မူကြိုကျောင်း မရှိသော ဒေသများရှိ သုံးနှစ်မှ ငါးနှစ်အထိ ကလေးများအတွက် နည်းစနစ်မှန်စွာ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်ခြင်းကို ဆောင်ရွက်နိုင်ရန် ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် မိခင်ဝိုင်း ၆၅၀ အထိ အရှိန်အဟုန်မြှင့် တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။
ရှေးဦးအရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လွှမ်းခြုံမှု ပိုမိုမြင့်မားလာရန်နှင့် ဘ၀တစ်သက်တာ အခြေခံ အလေ့အကျင့်ကောင်းများ ရရှိရန် အတွက် မူလတန်းကြိုကျောင်းများ တိုးချဲ့ ဖွင့်လှစ်ခြင်းတွင် ရပ်ရွာအခြေပြု ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းများကို အစိုးရ၏ အသိအမှတ်ပြု ပံ့ပိုးကူညီမှုဖြင့် ၁၀၂၅ ကျောင်းအထိ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
နည်းစနစ်ကျသော ရှေးဦးအရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်မှု လွှမ်းခြုံမှု မြင့်မားလာရန် ဆရာဖြစ် တစ်လသင်တန်းများကို ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မြို့နယ် ၂၀၀ အထိ တိုးချဲ့ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်။
ရှေ့ပြေးအစီအစဉ်
ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုမရှိသော ကလေး သူငယ်များကို စောစီးစွာသိရှိပြီး အချိန်မီ လိုအပ်သော ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်နိုင်ရန် တိုင်းတာစစ်ဆေးခြင်း လုပ်ငန်း (Early Childhood Intervention - ECI) ကို ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် ရှေ့ပြေးအစီအစဉ် အရ ကလေးသူငယ် ၈၅၁ ဦးကို အိမ်တိုင်ရာရောက် စစ်ဆေးပံ့ပိုးပေးလျက် ရှိသည်။
ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးများကို မွေးစမှ အသက် ၁၀ နှစ်အထိ ကလေးပြုစုရေးဌာန ခုနစ်ခုနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် များအား လူငယ်သင်တန်းကျောင်း ၁၀ ကျောင်း ဖွင့်လှစ်၍ ပြုစုစောင့်ရှောက်ပေး လျက်ရှိရာ အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း (မိဘရင်းသဖွယ် ခေတ္တလက်ခံ ပြုစု စောင့်ရှောက်ပေးခြင်းနည်းလမ်း) ကို ဆောင်ရွက်ရန် ၂၀၁၈ ခုနှစ် ဇွန်လတွင် စီမံချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၌ ဒလ၊ အင်းစိန်၊ လှိုင်သာယာနှင့် မြောက်ဥက္ကလာပမြို့နယ်များ၊ မန္တလေး တိုင်းဒေသကြီး၌ မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်များတွင် စတင် အကောင်ထည်ဖော်လျက်ရှိသည်။
နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ ကလေး ၁၀၀ ဆံ့ စံနမူနာပြ ကလေးပြုစုရေး ဌာနတစ်ခုကို ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း(မြန်မာ)၏ ဦးဆောင်မှု၊ အလှူရှင်များ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုများဖြင့် ဖွင့်လှစ်နိုင်ရန် အဆောက်အအုံ စတင်ဆောက်လုပ် လျက်ရှိပြီး ၎င်းကို တစ်ကိုယ်ရေ မိခင်များနှင့် ရင်ခွင်မဲ့ကလေးငယ်များကို စနစ်တကျ စောင့်ရှောက်ရန် အသုံးပြု သွားမည်ဖြစ်သည်။
လူငယ်စောင့်ရှောက်ရေးလုပ်ငန်း
မြန်မာနိုင်ငံရှိ လူငယ်ထု တစ်ရပ်လုံး အတွက် လူငယ်များ ကိုယ်တိုင် ပါဝင်ရေးဆွဲသည့် လူငယ်ရေးရာမူဝါဒကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် မိတ်ဆက်ဖြန့်ချိ၍ ၎င်းမူဝါဒပါ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကျား - မ ရေးရာနှင့် လူ့အခွင့်အရေးဆိုင်ရာ အရေးကိစ္စများတွင် လူငယ်များကိုယ်တိုင် ပါဝင်ဆုံးဖြတ် ဆောင် ရွက်နိုင်မည်ဖြစ်ပြီး အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ကို ၂၀၁၉ ခုနှစ် မတ် ၂၅ ရက် နှင့် ၂၆ ရက်တို့တွင် ညှိနှိုင်းဆွေးနွေး အတည်ပြုမည်ဖြစ်သည်။
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး
အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီအဖြစ် အမျိုးသမီးအရေး တက်ကြွစွာ လှုပ်ရှားလျက်ရှိသော အဖွဲ့ ခုနစ်ဖွဲ့ကို ပြောင်းလဲဖွဲ့စည်းခဲ့သည်။
အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ကုလသမဂ္ဂ ညီလာခံ သဘောတူ စာချုပ်အရ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးကော်မတီ (CEDAW) ၏ ရခိုင်ပြည်နယ်ဆိုင်ရာ မေးခွန်းများ နှင့်စပ်လျဉ်းပြီး သီးခြားအစီရင်ခံစာတင်သွင်းရန် မေတ္တာရပ်ခံချက်အရ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ် သည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ကော်မတီ (၇၂)ကြိမ်မြောက် လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက် ဆွေးနွေးဖြေကြားခဲ့သည်။
ကယ်ဆယ်ရေးစခန်းများနှင့် IDP Camp များအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ အသိပညာပေး အစီအစဉ်များ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် ဝင်ငွေရ အလုပ်အကိုင်များကို ၂၀၁၈ ခုနှစ်အတွင်း ဆက် လက်ဆောင်ရွက်ခဲ့သည်။
အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင် ကျောင်း ၁၀ ကျောင်းတွင် အခြေခံနှင့် အဆင့်မြင့် စက်ချုပ်၊ မြန်မာ့အစားအစာနှင့် မုန့်မျိုးစုံ၊ ဇာထိုးပန်းထိုး၊ သီးယိုဆီစိမ်၊ ပန်းအလှပြင် သင်တန်းများကို ရပ်ရွာအခြေပြုနှင့် ဌာနအခြေပြုတို့ဖြင့် ၂၀၁၈ ခုနှစ်အတွင်း တိုးမြှင့်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ၊ ကျား-မရေးရာ၊ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ၏ နောက်ဆုံးလေးနှစ် (၂၀၁၉-၂၀၂၂) ဆိုင်ရာ အသိပညာပေး သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို တိုင်းဒေသကြီး/ပြည်နယ်များနှင့် ဝန်ကြီး ဌာနများတွင် ကျင်းပဆောင်ရွက်နိုင်ခဲ့သည်။
၂၀၁၈ ခုနှစ်တွင် အမည်သစ်ဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော် မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာ လှုပ်ရှားမှုများကို နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့် အသိပညာပေးမှုများ ဆောင်ရွက်နိုင်ခဲ့သည်။
ပြည်သူများ၏ လိုအပ်ချက် ပြဿနာကို ပိုမိုသိရှိဖော်ထုတ်ပြီး ပြည်သူ့ အသံနားထောင်နိုင်ရန် ၂၄ နာရီ သတင်းရယူနိုင်သော Help Line ၀၆၇ - ၃၄၀၄၂၂၂၊ ၀၆၇ - ၃၄၀၄၉၉၉ တို့ကို ဖွင့်လှစ်၍ ကူညီပံ့ပိုးပေးခြင်း၊ သက်ဆိုင်ရာများသို့ ချိတ်ဆက်လမ်းညွှန်ပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်တွင် သတင်းအချက် အလက် ပိုမိုရရှိခဲ့ပြီး ပြဿနာများကို ဖြေရှင်းနိုင်ခဲ့သည်။
နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရသော အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်သူများ အတွက် ဝန်ဆောင်မှုများ တစ်နေရာတည်းတွင် ရရှိနိုင်သည့်စင်တာ (One Stop Women Support Center - OSWSC) များကို ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်မြို့ များတွင် ဖွင့်လှစ်ထားရှိခဲ့ရာမှ ၂၀၁၈ ခုနှစ် တွင် လားရှိုးနှင့် ဘားအံမြို့တို့တွင် တိုးချဲ့ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စင်တာများတွင် အမျိုးသမီး ၉၀ ကို လက်ခံစောင့်ရှောက်ပေးနိုင်ခဲ့ပြီး ဆင်းရဲနွမ်းပါးသူ ၆၀ ကို ဘ၀ရပ်တည်နေထိုင်နိုင်ရန် ပံ့ပိုးမှု စုစုပေါင်းငွေကျပ် ၂၆ ဒသမ ၂၄ သန်း ထောက်ပံ့ပေးနိုင်ခဲ့သည်။
လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ပေးအပ်မှုများ
စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ ဖြစ်သော လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ၂၂၅ ခု၊ မသန်စွမ်း ဂေဟာ ၁၂ ခု၊ ဘိုးဘွား ရိပ်သာ ၈၀၊ အမျိုးသမီးဂေဟာ ၁၃ ခုနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၁၀၂၅ ကျောင်းတို့ကို ငွေကျပ်ကျပ် ၂၂၉၉ ဒသမ ၉၅၅ သန်းအထိ တိုးမြှင့် ထောက်ပံ့ပေးနိုင်ခဲ့သည်။
ကိုယ်ဝန်ဆောင်မိခင် ၆၂၂ ဦးကို ငွေကျပ်သန်း ၂၁ ဒသမ ၅၄၅ သန်း၊ အသက် ငါးနှစ်အောက် ကလေးငယ် ၁၂၀၁ ဦးကို ငွေကျပ်သန်း ၄၆ ဒသမ ၉၉၀၊ မသန်စွမ်း ၄၃၁၂၈ ဦးကို ငွေကျပ် ၁၂၉၁ ဒသမ ၃၈၅ သန်းနှင့် အမျိုးသမီး ဦးဆောင်သော မိသားစု ၅၇၈၅ စုကို ငွေကျပ် ၁၁၄ ဒသမ ၈၅၅ သန်း စုစုပေါင်း ငွေကျပ် ၁၄၇၂ ဒသမ ၁၂၃ သန်း ထောက်ပံ့နိုင်ခဲ့သည်။
ဘိုးဘွားများအတွက် လစဉ်လူမှုရေး ပင်စင် ထောက်ပံ့မှုများကို ၂၀၁၇ - ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံး အသက် ၉၀ နှစ်နှင့် အထက် ထောက်ပံ့ရာမှ ၂၀၁၈ - ၂၀၁၉ ခုနှစ် တွင် အသက် ၈၅ နှစ်နှင့်အထက်သို့ အသက် လျှော့ချထောက်ပံ့ခဲ့ရာ အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား ၁၆၈၅၇၈ ဦးကို ငွေကျပ်သန်းပေါင်း ၅၀၅၇ ဒသမ ၃၄၀ ထောက်ပံ့ပေးနိုင်ခဲ့သည်။
နေရပ်စွန့်ခွာပြောင်းရွှေ့မှု ဒုက္ခခံစား နေရသော တိုက်ပွဲရှောင်စခန်းများရှိ ကလေး များအတွက် ကလေးပျော်နေရာ တစ်ခုလျှင် ငွေကျပ် ၁၅ သိန်းနှုန်းဖြင့် ကလေးပျော်နေရာ ၆၈ ခုအတွက် ငွေကျပ် ၁၀၂ သန်း ထောက်ပံ့ ပေးအပ်ခဲ့သည်။
မူဝါဒနှင့် ဥပဒေများရေးဆွဲ
ထို့ပြင် လူငယ်များ၏ ရပ်တည်မှု၊ ဖွံ့ဖြိုး တိုးတက်မှုနှင့် အခွင့်အရေးများကို အကောင် အထည်ဖော်နေသော ဝန်ကြီးဌာနက လူငယ်ရေးရာမူဝါဒပါ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ကို ၂၀၁၈ ခုနှစ် မတ်လတွင် စတင် ရေးဆွဲခဲ့ရာ ၂၀၁၉ ခုနှစ် မတ်လအတွင်း အတည်ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (မူကြမ်း) ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ ၂၀၁၈ ခုနှစ်အတွင်း အမျိုးသား လွှတ်တော်တွင် ဆက်လက် ဆွေးနွေး ဆောင်ရွက်သည်။
ပြည့်တန်ဆာဆိုင်ရာ ဥပဒေကို အသစ် ပြင်ဆင်ရေးဆွဲခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ရေးဆွဲခြင်းများကို ဆောင်ရွက် လျက်ရှိသည်။ သက်ကြီးရွယ်အိုများအတွက် အမျိုးသား အဆင့် သက်ကြီးမူဝါဒနှင့် သက်ကြီးရွယ်အိုဆိုင်ရာ နည်းဥပဒေကို ရေးဆွဲဆောင်ရွက်လျက် ရှိသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဘေးဒဏ်ခံစားရသော ပြည်သူ များအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘ၀ ရရှိရေး ဦးတည်ဆောင်ရွက်လျက် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။
ဝန်ကြီးဌာနက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
နှစ်စဉ်ရရှိသည့် ဘတ်ဂျက်၏ သုံးပုံ နှစ်ပုံကျော်ကို ပြည်သူများအတွက် တိုက်ရိုက် အကျိုးရှိမည့် ထောက်ပံ့မှု လုပ်ငန်းများအတွက် အသုံးပြုလျက်ရှိသည်။ ကြိုတင်သတိပေးခြင်း ဆိုင်ရာ အစီအစဉ်များတွင် မိုးလေ၀သသတင်း များကို ဘေးအမျိုးအစားအလိုက် ပြည်သူများ လိုက်နာ ဆောင်ရွက်ရန် ပြည်နယ်/ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် သဘာဝဘေးစီမံ ခန့်ခွဲမှုအဖွဲ့များသို့ ပေးပို့၍ ပူးပေါင်းဆောင်ရွက်ခြင်း၊ DAN မိုဘိုင်း Application မှ တစ်ဆင့် ကြိုတင် သတိပေးချက်များ ဖြန့်ဝေ ခြင်း၊ ဝန်ကြီးဌာန၏ ဖေ့စ်ဘွတ် စာမျက်နှာများမှတစ်ဆင့် ရာသီဥတုအရေးပေါ် သတိပေးချက်များကို ဖြန့်ဝေပေးခြင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန ရုပ်မြင်သံကြားမှ Video Clip များ ထုတ်လွှင့်ခြင်း၊ သတိပေး ထုတ်ပြန်ချက်များ ပြုလုပ်ခြင်း၊ ရေဒီယိုလိုင်းများမှ အရေးပေါ်သတိပေးချက် ထုတ်ပြန် ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေးစနစ် ပြတ်တောက်သွားပါက အသုံးပြုရန် ဘေးဖြစ်ပွားမှု များပြားပြီး ဝေးလံခက်ခဲသော ဒေသများတွင် Single Side Band စက် ၃၇ လုံးကို တပ်ဆင်အသုံးပြု ခြင်း၊ ပြည်သူများက ဆက်သွယ်သတင်းရယူ နိုင်ရန် Call Center ကို နေပြည်တော်ရုံးချုပ်၌ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ရာသီအလိုက် ပြည်နယ်/တိုင်းဒေသကြီးများတွင် ဗီနိုင်း ဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းဖြင့် အသိပေး ခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
ကြိုတင်ကာကွယ် ဆောင်ရွက်ခြင်းများတွင် လေပြင်းဒဏ်ခံနိုင်သော အိုးအိမ်များ ဖြစ်ရေး မွမ်းမံအားဖြည့် ပြင်ဆင်ပေးခြင်း လုပ်ငန်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် ခြောက်ခုရှိ မြို့နယ် ၄၂ ခုတွင် အိမ်ပေါင်း ၁၂၀၀၀ ကျော်အတွက် အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းများကို ငွေကျပ် ၃၁၁ ဒသမ ၀၀ သန်းကျော် ကျခံဆောင်ရွက်လျက်ရှိသည်။ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်၍ တိုင်းဒေသကြီး/ပြည်နယ် ၁၀ ခု၊ မြို့နယ် ၄၁ မြို့နယ်တို့တွင် အိမ်ပေါင်း ၈၆၅၇ လုံး အတွက် အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းများကို ငွေကျပ် ၁၉၈ ဒသမ ၉ သန်း ကျခံ ဆောင်ရွက်ခဲ့သည်။
အရေးပေါ်အခြေအနေတွင် အလျင်အမြန် တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ရေး လုပ်ငန်းများနှင့် ကောင်းကင်မှတ် တမ်းမြေပုံများ ရိုက်ကူးထုတ်လုပ်နိုင်ရန် မောင်းသူမဲ့ လေယာဉ်ငယ်များ ဝယ်ယူ ထားရှိပြီး ကလေးမြို့နှင့် ပဲခူးမြို့များတွင် ကွင်းဆင်းစမ်းသပ်ခဲ့ပြီး ပေါက်ခေါင်းမြို့နယ် တောင်နဝင်းဆည်၏ အနေအထားများကို ကောင်းကင်မြေပုံ ရိုက်ကူးခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ချိတ်ဆက်ထားသည်။ အထောက်အကူပြု ပစ္စည်းများအဖြစ် စက်လှေ၊ ဖိုင်ဘာလှေ ၁၇၁ စင်းနှင့် အသက်ကယ်အင်္ကျီ ၈၉၅၂ ထည်ကို ၂၀၁၇-၂၀၁၈ နှင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ထောက်ပံ့ပေးခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သိုလှောင်ရုံ ၆၆ ခုရှိခဲ့ရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၇၄ ခုအထိ ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေး ပစ္စည်းများကို အိမ်ထောင်စု ၇၆၀၅၀ အထိ အဆင်သင့် သိုလှောင်ထားရှိသည်။ ရန်ကုန် တိုင်းဒေသကြီးတွင် သိုလှောင်ရုံ အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်။
အကြံဉာဏ်များရယူ
ဘက်စုံသုံး ဘေးဒဏ်ခံအဆောက်အအုံ ၁၁၆ လုံးကို ၂၀၁၇-၂၀၁၈ ခုနှစ်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ်တို့တွင် ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ စစ်ကိုင်း၊ ကရင်၊ မွန် ၊ ရခိုင်၊ ချင်း နှင့် ရှမ်းတို့တွင် တည်ဆောက်ပေးလျက်ရှိသည်။ နိုင်ငံတော်အဆင့် ငလျင်ဘေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့၍ အမျိုးသား အဆင့် ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင် ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ရေးစီမံချက်ကို ၂၀၁၈ ခုနှစ်တွင် ရေးဆွဲခဲ့သည်။ ထို့ပြင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြံပေးပညာရှင်များအဖွဲ့ ဖွဲ့စည်း၍ အကြံဉာဏ်များ ရယူလျက် ရှိသည်။
ပြန်လည်ထူထောင်ရေး
သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများ အနက် ဆောင်ရွက်မှု အားနည်းခဲ့သော ဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို ယခုနှစ်အတွင်း အထူး အလေးပေး ဆောင်ရွက်နိုင်ခဲ့ပြီး ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့ကို ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
၂၀၁၈ ခုနှစ် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် ကရင်နှင့် မွန်ပြည်နယ်၊ ပဲခူးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ မျိုးစပါးနှင့် အခြားသီးနှံများ ပြန်လည် စိုက်ပျိုးနိုင်ရေး ထောက်ပံ့ခြင်း၊ လမ်း၊ တံတား ပျက်စီးမှုများ ပြန်လည်ပြုပြင်ခြင်း၊ လူနေအိမ်နှင့် ဘာသာရေးကျောင်း များ ပျက်စီးမှုအတွက် ပြန်လည်ပြုပြင်ခြင်း တို့ကို အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေနှင့် ဝန်ကြီးဌာန ဘတ်ဂျက်တို့မှ စုစုပေါင်းငွေကျပ်ကျပ် ၆၁၆၇ ဒသမ ၇၈၉၇၉ သန်း ထောက်ပံ့ပေးခဲ့သည်။
အကောင်အထည်ဖော်ဆောင်
မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြိုတင် ပြင်ဆင်ရေး မိတ်ဖက်အဖွဲ့ (Myanmar Preparedness Partnership-MPP) ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ကနေဒါနိုင်ငံ အစိုးရ၏ ထောက်ပံ့မှု၊ အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ်၏ နည်းပညာပံ့ပိုးမှုဖြင့် “Strengthening Climate and Disaster Reslience in Myanmar” မြန်မာနိုင်ငံ ပြည်သူလူထု၏ ရာသီဥတု ပြောင်းလဲမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာ ရင်ဆိုင် တုံ့ပြန်နိုင်စွမ်း မြင့်မားရေးအတွက် နည်းပညာပံ့ပိုးမှုစီမံကိန်း (Technical Assistance Project) ကို အကောင်အထည်ဖော် ဆောင်လျက်ရှိသည်။
ကုလသမဂ္ဂဖွံ့ ဖြိုးမှုအစီအစဉ် (UNDP)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့နှင့် ပူးပေါင်းကာ သဘာဝဘေးဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်သည့်အခါ စံအဖြစ် ထားရှိမည့် လမ်းညွှန်စာအုပ်(Recovery Guideline) ကို ရေးဆွဲထားရှိခြင်း၊ (၉)ကြိမ်မြောက် အာဆီယံဒေသတွင်း အရေးပေါ်တုံ့ပြန်မှုနှင့် အကဲဖြတ်မှုဆိုင်ရာအဖွဲ့၏ လုပ်ငန်းခွင် သင်တန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူလေ့ကျင့်ခန်း အစီအစဉ်ကို ၂၀၁၈ ခုနှစ် မတ် ၂၆ ရက်မှ ဧပြီ ၁ ရက်အထိ ပြုလုပ်ခဲ့ခြင်း၊ ၂၀၁၉ ခုနှစ်တွင် အာဆီယံသဘာဝ ဘေးစီမံခန့်ခွဲမှု ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။
၂၀၁၈ ခုနှစ် ဧပြီ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင် အမှိုက်ပုံ မီးလောင်ကျွမ်းမှု တုံ့ပြန်ဆောင်ရွက် ရေးလုပ်ငန်းများ၌ နည်းပညာ ပိုင်းဆိုင်ရာ အကူအညီများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပံ့ပိုးပေးနိုင်ရန်အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း၊ ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော်မှုကို စောင့်ကြည့် လေ့လာခြင်းနှင့် အစီရင်ခံရေးသားခြင်း၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု ဆိုင်ရာ စာရင်းဇယားများကို Online System မှ တစ်ဆင့် စာရင်းသွင်းခြင်းကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် UNISDR သို့ တင်သွင်းနိုင်ခဲ့သည်။
သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ဆန်းစစ်ခြင်း၊ ကြိုတင်ပြင်ဆင်မှု လုပ်ငန်း များအတွက် လိုအပ်ချက်များနှင့် အသိပညာပေး အစီအစဉ်များအတွက် လေ့လာ ဆန်းစစ်ခြင်းနှင့် အရေးပေါ် ထောက်ပံ့မှုများကို ပြန်လည်ဆန်းစစ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
၂၀၁၈ ခုနှစ် ဇွန်လ နောက်ပိုင်းတွင် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ အတွက် မော်တော်ယာဉ်များ ပေးအပ်နိုင်ခြင်း နှင့် ခရိုင်/မြို့နယ်ရုံးများ တိုးချဲ့ ဖွင့်လှစ်နိုင် ခြင်းတို့ကြောင့် ထောက်ပံ့မှုများတွင် ပိုမို သွက်လက်မြန်ဆန်လာခြင်းကို တွေ့ရှိရသည်။
ဦးစီးဌာန၏ ဖွဲ့စည်းပုံအရ ဝန်ထမ်း အင်အားကို နှစ်အလိုက် တိုးမြှင့်ခန့် ထားခြင်းနှင့် အတူ ရုံးများကို နှစ်အလိုက် တိုးမြှင့်ဖွင့်လှစ်လျက်ရှိပြီး ဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိရာ ရလဒ်အနေဖြင့် ထောက်ပံ့မှုလုပ်ငန်းများ ပိုမိုမြန်ဆန် လာခြင်းကြောင့် ဘေးသင့်ပြည်သူလူထု၏ လိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ပြီး စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု လျော့နည်း သက်သာခြင်း၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးနိုင်ခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပိုမိုထိရောက် ကျယ်ပြန့် စွာဆောင်ရွက် နိုင်ခြင်း၊ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့်ေ ဆာင်ရွက်လာနိုင်ခြင်း၊ ဘေးဒဏ်ခံ အဆောက်အအုံများ ပိုမိုတည် ဆောက်နိုင်ခဲ့ခြင်း၊ သဘာဝဘေးအရေးပေါ် တုံ့ပြန်ရေးဗဟိုဌာန လုပ်ငန်းများတွင် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများ ပိုမိုအသုံးပြုနိုင်ရေး ဆောင်ရွက်ခဲ့ခြင်း၊ သုတေသနပြု လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်း၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ရရှိသည်။
ဦးစီးဌာနအနေဖြင့် စီမံရေးရာဌာနခွဲ၊ ထိခိုက်လွယ်အုပ်စုများ ဌာနခွဲ၊ မူးယစ်၊ လူကုန်ကူးဌာနခွဲဟူ၍ ဌာနခွဲသုံးခု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မူးယစ်ပြန်လည် ထူထောင်ရေးစခန်း ကိုးခုနှင့် လူကုန်ကူးခံရသူများ ယာယီလက်ခံ စောင့်ရှောက်ရေးဂေဟာ သုံးခုတို့ ပါဝင်သည်။
အရှိန်အဟုန်မြှင့်
မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၊ လူကုန်ကူး ခံရသူများ၊ စွန့်ပစ်ကလေးများ၊ လမ်းပေါ်နေ ကလေးများ၊ ကလေးစစ်သားများ၊ အမျိုးသမီးများ၊ တိုက်ပွဲရှောင် ပြည်သူများ၊ ရွှေ့ပြောင်းလုပ်သားများ၏ မိသားစုများ စသည့် လူမှုဒုက္ခခံစား နေရသူများကို ပြန်လည် ထူထောင်မှုပေးခြင်းဖြင့် ပိုမိုကောင်း သည့် လူနေမှု ဘ၀ရရှိရန် ဦးစီးဌာနတစ်ခု သီးခြားဖွဲ့စည်း၍ ထိရောက် မြန်ဆန်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနိုင်ရန် ဖြစ်သည်။
မသန်စွမ်းများနှင့် စပ်လျဉ်း၍ အစိုးရ၏ တတိယနှစ် ဆောင်ရွက်ချက်များတွင် မသန်စွမ်း ဥပဒေ၊ နည်းဥပဒေများအပေါ် အခြေခံ၍ အမျိုးသားကော်မတီ၊ လုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီရှစ်ခု၊ ငါးနှစ် မဟာဗျူဟာ စီမံကိန်းများကို ဖော်ဆောင်နိုင်ခဲ့ပြီး မသန်စွမ်းအဆင့်ခွဲခြားခြင်း၊ မသန်စွမ်း မှတ်ပုံတင် ထုတ်ပေးခြင်းနှင့် မသန်စွမ်းမှု စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများကို စတင်နိုင်ခဲ့သည်။ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ မသန်စွမ်းများနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပညာ ပေးခြင်းနှင့် မသန်စွမ်း ထောက်ပံ့ခြင်းများကို ဆောင်ရွက်နိုင်ခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ကလေးစစ်သား ၇၅ ဦးကို ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေး ဆောင်ရွက်နိုင်ခဲ့ပြီး လူငယ်ပြုစု ပျိုးထောင်ရေး စခန်းနှစ်ခုကို ပြည်ထဲရေး ဝန်ကြီးဌာနမှ လွှဲပြောင်း ရယူဆောင်ရွက်ခဲ့သည်။ လူထု အခြေပြု မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင် ရေးသင်တန်းများ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီး စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်သူများ ပိုမို မွေးထုတ်နိုင်ခဲ့သည်။
မူးယစ်ပြန်လည်ထူထောင်ရေး လုပ်ငန်း သုံးနှစ် ဆောင်ရွက်ပြီးစီးမှုကို ဆန်းစစ် သုတေသန တစ်ရပ် ဆောင်ရွက်နိုင်ခဲ့ပြီး မူးယစ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင် ပါဝင် ဆောင်ရွက်နေကြသော လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းများကို ကွန်ရက်စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် စတင် ဆောင်ရွက်လျက် ရှိသည်။
လူမှုပဋိပက္ခများ
ရခိုင်ပြည်နယ်သည် အညွှန်းကိန်းများ အရ ဒုတိယဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ် တစ်ခုဖြစ်ပြီး ပြည်နယ်အနေဖြင့် နှစ်ပေါင်း ကြာမြင့်စွာ လူမှုပဋိပက္ခများကို ရင်ဆိုင်ခံစား နေရသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ၊ ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေ ရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း နှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေး ကော်မတီများတွင် ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
ဖော်ဆောင်ပေးနိုင်
လူမှုကာကွယ် စောင့်ရှောက်ရေး ထောက်ပံ့မှုပေးအပ်ခြင်းတွင် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ကိုယ်ဝန်ဆောင်မိခင် များနှင့် ၎င်းတို့က မွေးဖွားလာသော ကလေးများ အသက်နှစ်နှစ်အထိ ထောက်ပံ့ခြင်း၊ မသန်စွမ်းများအား ကနဦး ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်
ရခိုင်ဒေသခံများ အပါအဝင် ဒေသပြင်ပရောက် ရခိုင်တိုင်းရင်းသားများ ပြည်နယ် အတွင်း အလုပ်အကိုင်ရရှိရန် Smart အထည်ချုပ်စက်ရုံ၊ ခိုင်ပြည်စိုးအထည်ချုပ် စက်ရုံနှင့် ရွှေကျားရိုးရာ ရက်ကန်းလုပ်ငန်းများကို ရင်းနှီးမတည်ငွေများ ထုတ်ချေးခြင်း၊ ပုံမှန်လည်ပတ် လုပ်ကိုင်နိုင်ရန် အတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ရာ ရခိုင်တိုင်းရင်းသားများကို အလုပ်အကိုင် ဖော်ဆောင်ပေးနိုင်ခဲ့သည်။
IDP စခန်းများ ပိတ်သိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် အပါအဝင် ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့ရှိ နေရပ်စွန့်ခွာ ယာယီနေထိုင် စခန်းများကို စနစ်တကျ ပိတ်သိမ်းနိုင်ရန် အမျိုးသားမဟာ ဗျူဟာတစ်ရပ် ပေါ်ပေါက်ရေး ကြိုးပမ်းနိုင်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည်သူများအတွက် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ထောက်ပံ့မှုများကို စုစုပေါင်း ငွေကျပ်သန်း ၁၅၅၉၈ ဒသမ ၁၆၉ သန်း ထောက်ပံ့ပေးနိုင်ခဲ့သည်။
ဝန်ကြီးဌာန၏ လုပ်ငန်းများသည် တိုင်းပြည်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ထိခိုက်နိုင်မှုများ လျှော့ချပေးခြင်း၊ ထိရောက်သော လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့် အထောက်အပံ့များပေးခြင်း ဆောင်ရွက်၍ သွယ်ဝိုက်သော နည်းဖြင့် တိုးတက်အောင် အထောက်အကူပြုခြင်း ဖြစ်သည်။ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များသည် ပြည်သူလူထုကို တိုက်ရိုက် ထိတွေ့ အကျိုးပြုရခြင်းဖြစ် သည့်အတွက် ဤလုပ်ငန်းစဉ်များအတွက် ဝန်ကြီးဌာန၏ ရင်းနှီးသုံးစွဲမှု ပမာဏကို သုံးနှစ်အတွင်းမှာ ငါးဆနီးပါး တိုးမြှင့်ကာ ပြည်သူ့အတွက် ရင်းနှီးသုံးစွဲခဲ့သည်။
ဘေးဒုက္ခခံစားရသော ပြည်သူများအတွက် ဝန်ကြီးဌာန၏ အရာထမ်း၊ အမှုထမ်းများ သည် ပြည်သူ့ဒုက္ခကို မိမိဒုက္ခဟု သဘောထားပြီး နေ့မအားညမနား အကောင်း ဆုံးကူညီနိုင်ရန် ကြိုးစား ဆောင်ရွက်လျက်ရှိရာ ယခင်က ပြည်သူများသည် မိမိတို့၏ လိုအပ်ချက်များကို ကိုယ်ထူကိုယ်ထ ရင်ဆိုင်ဖြေရှင်းခဲ့ရသော အခြေအနေမှ ယခုသုံးနှစ်အတွင်းတွင် ပြည်သူနှင့်အတူ ပြည်သူ့အစိုးရက လက်တွဲ ရင်ဆိုင်ဖြေရှင်းနိုင်သော အခြေအနေကောင်းများကို စတင်ရရှိလာပြီး အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲနိုင်ခဲ့ပြီဖြစ်သည်။
ဤလုပ်ငန်းများ ဆောင်ရွက်ရာတွင် စုပေါင်းအင်အားဖြင့် တက်ညီလက်ညီ ဆောင်ရွက်ကြမည် ဆိုပါက စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဟု အကြွင်းမဲ့ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
သတင်းဆောင်းပါး - နိုင်လင်းကြည်၊
ဓာတ်ပုံမှတ်တမ်းစုစည်း - အေးသန်း








No comments:

Post a Comment