နေပြည်တော်
ဧပြီ ၁၀
ရခိုင်ပြည်နယ်
မြောက်ဦးမြို့ရှိ အမှတ် (၃၁) လုံခြုံရေးရဲတပ်ဖွဲ့ဌာနချုပ်အား ဧပြီ ၉ ရက် ညပိုင်း တွင်
AA အဖွဲ့က
အင်အား အလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်ပြီး
တိုက်ပွဲနှင့် မသက်ဆိုင်သည့် မိသားစုဝင်များအား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ် ဆောင်ခြင်းများ
ကျူးလွန်သွားခဲ့ကြောင်း
သိရသည်။
ဖြစ်စဉ်မှာ
ဧပြီ ၉ ရက် ည ၁၀ နာရီခွဲခန့်တွင် AA အဖွဲ့မှ အင်အား ၂၀၀ ခန့်က အမှတ် (၃၁)
လုံခြုံရေးရဲတပ်ဖွဲ့ဌာန ချုပ်အား မြောက်ဘက်မျက်နှာစာမှ
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၀င် ရောက်ပစ်ခတ်တိုက်ခိုက်ပြီး အကြိမ်ကြိမ် လုံးထွေး
တိုက်ခိုက် ခဲ့ကြောင်း၊ သို့ရာတွင်
မိမိတပ်ဖွဲ့ဝင်များ ၏ ကြံ့ကြံ့ခံ
ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့်
ပင်မဌာနချုပ်၏ အရေးကြီးနေရာများ
ကျဆုံးမှုမရှိဘဲ လုံခြုံရေးရဲတပ်ဖွဲ့၏
အိမ်ထောင်သည်လိုင်းများအထိသာ ၀င်ရောက်နိုင်ခဲ့ကြောင်း၊
ဧပြီ ၁၀ ရက် နံနက် ၄ နာရီ ၁၀ မိနစ်ခန့်တွင်
တပ်မတော်စစ်ကြောင်း ရောက်ရှိလာခြင်းကြောင့်
AA အဖွဲ့ ပြန်လည်
ဆုတ်ခွာသွားသဖြင့် နံနက် ၄ နာရီခွဲခန့်တွင် စခန်းဌာနချုပ်အား
မိမိတပ်ဖွဲ့ဝင်များက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း၊
ဆုတ်ခွာသွားသော AA အဖွဲ့ နောက်သို့ တပ်မတော် စစ်ကြောင်းများက
ထပ်ကြပ်လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်တွင်
ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး ခုနှစ်ဦးပျောက်ဆုံးကာ
မိသားစုဝင် ဇနီး တစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ၊ ထို့အပြင်
AA အဖွဲ့က
လုံခြုံရေး ရဲတပ် ဖွဲ့ဝင်များ၏ ဇနီး သုံးဦး၊ မိခင်တစ်ဦး၊ ကလေးသူငယ်
သုံးဦး ( ယောကျာင်္းလေး တစ်ဦး နှင့် မိန်းကလေးနှစ်ဦး) တို့အား ဖမ်းဆီးခေါ်ဆောင်
သွားခဲ့ကြောင်း၊ AA အဖွဲ့အနေဖြင့် ယခုကဲ့သို့ လုံခြုံရေးရဲ တပ်ဖွဲ့၏
အိမ်ထောင်သည် မိသားစုလိုင်း ခန်းများအား
ဝင်ရောက်တိုက်ခိုက်ခြင်း၊ တိုက်ပွဲနှင့် သက်ဆိုင်ခြင်း မရှိသည့်
ရဲတပ်ဖွဲ့ဝင်များ ၏ မိသားစုဝင်များ၊ အမျိုးသမီးနှင့် ကလေးသူငယ်များကို
ဖမ်းဆီးခေါ်ဆောင်ခြင်းများ
စသည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
(သတင်းစဉ်)






No comments:
Post a Comment