Wednesday, February 27, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် အရေး ကိစ္စတို့နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
မစ္စတာ စွန်းဂေါ်ရှန်းသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် ရခိုင်ပြည်နယ်ရှိ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် မြန်မာနိုင်ငံအစိုးရမှ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လေ့လာကြည့်ရှုရန် လှဖိုးခေါင်ကြားစခန်း၊ ရွေဇားကျေးရွာ နှင့် မင်းကန်ကျေးရွာတို့သို့ သွားရောက်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment