နေပြည်တော်
ဇန်နဝါရီ ၁၂
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့်
Minoru – Keiwa Myanmar Co.ltd., မှ မန်နေဂျင်းဒါရိုက်တာ Masaaki Kitagawa တို့သည်
ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံ၍ ခေတ်မီလယ်ယာစနစ်
အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံစဉ်
လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မြန်မာ - ဂျပန် ပူးပေါင်းဆောင်ရွက်ရေး၊ Minoru ကောက်စိုက်စက်
များဖြင့် သရုပ်ပြစမ်းသပ် စိုက်ကွက်များ ဆောင်ရွက်ပြီး ရလဒ်များအပေါ် အခြေခံ၍ ဆက်လက်ဆောင်ရွက်ရေး၊
လယ်ယာထွက်ကုန်များ စိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျောက် နည်းပညာ အဆင့်မြှင့်တင်ခြင်း၊
သုတေသနနှင့် လက်တွေ့ ဆောင်ရွက်မှု ရလဒ်များပေါ် အခြေခံ၍ တောင်သူများ လက်တွေ့တွင်ကျယ်စွာ
အသုံးပြုနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။
(မောင်မင်းနိုင်)

No comments:
Post a Comment