Wednesday, January 9, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က လာရောက်တွေ့ဆုံ



နေပြည်တော် ဇန်နဝါရီ ၈
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Ms. Rosario G. Manalo ဦးဆောင်သော လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီအသီးသီး ဖွဲ့စည်း၍ ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု နောက်ဆုံးအခြေ အနေများ၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ နေရပ်စွန့်ခွာသူများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ IDP စခန်းများအား စနစ်တကျ ပိတ်သိမ်းနိုင်ရေး မဟာဗျူဟာ ရေးဆွဲရာတွင် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သည့် UNDP ၊ UNHCR တို့နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးဆောင် ရွက်နေမှုများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်ခေါ်ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် United Nations Convention on the Rights of the Child (UNCRC)၊ United Nations Convention on the Elimination of All Forms of Discrimination Against Women (UNCEDAW) သို့ အစီရင်ခံစာများ ပုံမှန်ရေးသားတင်သွင်း နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နိုင်ငံတကာနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်နေမှုများ၊ လူမှုသဟဇာတဖြစ်ထွန်းရေး ဆောင်ရွက်နေမှုများ၊ အကောင်အထည်ဖော်ရာတွင် မြေပြင်တွင် စစ်မှန်သော ပြောင်းလဲမှုများ ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင် ရွက်နေမှုများ၊ မကြာသေးမီကဖြစ်ပွားခဲ့သော Arakan Army (AA) အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အစိုးရ၏တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များ ထိခိုက်နိုင်သည့် အခြေအနေများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်က ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment