မောင်သန်းဝင်းရွှေ
ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ
ထုတ်ပြန်ရာ၌ ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၆ ဒသမ
၂ ရာခိုင်နှုန်းရှိနိုင် သည်ဟု ခန့်မှန်းချက်ရှိပါသည်။ သာမန်အားဖြင့် ယင်းစီးပွားရေး
တိုးတက်မှုနှုန်းသည် စီးပွားရေးကို နှေးကွေးစေမည်ဟု ကောက်ယူ တတ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော်
၂၀၁၇- ၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးတိုး တက်နှုန်းမှ သည် ၆ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ခြင်းကြောင့်ဖြစ်သည်ဟု
ကောက်ယူရပေမည်။ ယင်းနှုန်းသည် နိုင်ငံတကာစံနှုန်းနှင့် နှိုင်းယှဉ်ပါက အားကောင်းသော နှုန်းဖြစ်နေသေးသည်ဟု
ဆိုရမည်ဖြစ်သည်။ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ Myanmar Economic
Monitor-MEM ဆိုသည်မှာ ကမ္ဘာ့ဘဏ် အုပ်စုက မြန်မာနိုင်ငံ၏ နောက်ဆုံးရ စီးပွားရေး အချက်အလက်များကို
အခြေခံကာ တစ်နှစ်လျှင်နှစ်ကြိမ် ထုတ်ဝေဖြန့်ချိသည့် အစီရင်ခံစာဖြစ်ပြီး လတ်တလော စီးပွားရေးတိုးတက်မှုများ
အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင် သည့် စီးပွားရေးတိုးတက်မှု အလားအလာများနှင့် မူဝါဒ ရေးရာ
အကြံပြုချက်များ စုစည်းတင်ပြချက် ဖြစ်ပေသည်။
▲▲ကောင်းမွန်လာမည်ဟု မျှော်မှန်းနိုင်▲▲
ယေဘုယျအားဖြင့် မြန်မာ့မျက်မှောက်စီးပွားရေး
အခြေအနေမှာ မက်ခရိုစီးပွားရေးတွင် ထိလွယ်ရှလွယ်မှု မြင့်တက်ခဲ့သည်။ ငွေဖောင်းပွမှုနှုန်း
အမြင့်မားဆုံးဖြစ်ခဲ့သည်။ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ၆ လအတွင်း
၁၈ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့သည်။ သို့သော် မြန်မာ့စီးပွားရေးဖွံ့ ဖြိုးမှုအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်
ဖွံ့ဖြိုးမှုဆိုင်ရာ အလားအလာကောင်းများ ရှိနေခြင်းက စီးပွားရေးဖွံ့ ဖြိုးမှုနှုန်း နှေးကွေးမှုကို
ကာကွယ်နိုင်ကောင်း ကာကွယ်နိုင်မည် ဖြစ်သည်ဟု ယူဆရပါသည်။ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု
စီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော်ခဲ့ခြင်း၊ ကုန်သွယ်မှုတွင် လက်လီလက်ကား ဖြေလျှော့ပေးနေမှုများရှိခြင်း၊
Belt and Road Imitative နှင့် ဆက်စပ်သည့် အခြေခံအဆောက် အအုံဆိုင်ရာ စီမံကိန်းများအတွက်
အကြီးစားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်း စသောမူဝါဒ အပြောင်းအလဲ များကြောင့်
မြန်မာ့စီးပွားရေးဖွံ့ ဖြိုးမှုနှုန်းသည် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၆ရာခိုင်နှုန်းအထိ
ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်မှန်း နိုင်ပါသည်။ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ် ရေးနှင့်
သယ်ယူ ပို့ဆောင်ရေး ကဏ္ဍအသီးသီးတွင် တိုးတက်မှုနှေးကွေးစေကာမူ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ
တည်ငြိမ်ခြင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းအပါအဝင် ဝန်ဆောင်မှုကဏ္ဍများတွင် တိုးတက်မှု အားကောင်း
နေခြင်းကြောင့် ခုသာခံသာရှိနိုင်မည်ဟု ဆိုနိုင် သည်။ ထို့အတူ ရေရှည်ကာလအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်
ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများအား ဖန်တီးနိုင် မည်ဟု ယူဆရသော မြန်မာနိုင်ငံကုမ္ပဏီများ
ဥပဒေ(၂၀၁၇) စတင်အသက်ဝင်လာခြင်း၊ နိုင်ငံခြားဘဏ်များ ပြည်တွင်းတွင် ချေးငွေလုပ်ငန်း
ဆောင်ရွက် နိုင်ရန် ဖြေလျှော့မှုများ ဆောင်ရွက်မှုပြုနေခြင်းများက အဓိကသာဓက ဖြစ်ပါသည်။
အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်များကို နိုင်ငံခြားကုမ္ပဏီများပါ ဆောင်ရွက်ခွင့်ပြုရန်လည်း
ဦးတည်ထားမှုမှာမူ တည်ငြိမ် ခိုင်မာ သည့် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းနိုင်မှုကို ချိန်ဆ၍
စီးပွားရေး နာလန်ထစ၊ စီးပွားရေးစနစ်များ ကျင့်သုံးမြဲ၊ နိုင်ငံတကာ ကျင့်စဉ်ကို စနစ်တကျ
ကျင့်သုံးတတ်မှ မြန်မာ့စီးပွားရေး အားပျော့နိုင်မှုကို ကာကွယ်နိုင် မည်ကို ထည့်သွင်း
စဉ်းစားရန်မှာ အဓိကလိုအပ်ချက်ဖြစ်သည်။ ဆိုလိုသည်မှာ အလောသုံးဆယ် ကျင့်သုံးနိုင်သော
နည်းဥပဒေများမဟုတ်ဘဲ အမျိုးသား အကျိုးစီးပွား ကာကွယ်သော နည်းဥပဒေများ ဖြင့် ထိထိရောက်ရောက်
ထိန်းကွပ်ရန်ဖြစ်သည်။
▲▲ကောက်ချက်ချရန် စောနေသေး▲▲
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
FDI တစ်နှစ်အတွင်း ဝင်ရောက်မှု သည် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၁၇-၂၀၁၈ ခုနှစ်များတွင် ပိုမို
တိုးတက်ခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ခုနှစ်နှင့် မျက်မှောက် ကာလ၏ အစောပိုင်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်
များ ဝင်ရောက်လာမှုသည် ကျဆင်းလာခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ခုနှစ်နှင့် ၂၀၁၇-၂၀၁၈ ခုနှစ် ပထမနှစ်ဝက်ကာလများ
နှိုင်းယှဉ် လျှင် ၅၀ ရာခိုင်နှုန်းကျော် လျော့သွားသည်ကို တွေ့ရပါ သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဝင်ရောက်လာခြင်းကို မှန်းဆရန် မလွယ်ကူပါ။ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ဝင်ရောက်လာမည်ဟု
ကတိပြုခြင်းနှင့် အမှန်တကယ် ဝင်ရောက် လာခြင်းမှာ ကွာဟနိုင် သကဲ့သို့ ပုံမှန်ခွင့်ပြုသည့်
လုပ်ငန်းစဉ် ပြင်ပတွင်လည်း ပေါ်ပေါက် လာနိုင်ခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်
FDI ဝင်ရောက်လာမှု နည်းသေးသည်ဟု တစ်ထစ်ချကောက်ချက်ချရန် အချိန် စောပါသေးသည်ဟု ဆိုရပါမည်။
ဘဏ္ဍာရေးလိုငွေပြမှု
ဆက်လက်တည်ရှိနေသေးသော်လည်း ရည်မှန်းချက်အောက် ရောက်နေခြင်းက ဘတ်ဂျက် အကောင်အထည်ဖော်မှုတွင်
အခက်အခဲရှိနေသေးသည်ဟု ယူဆရန် ဖြစ်ပါသည်။ တစ်နည်း ဆိုရသော် ငွေလုံးငွေရင်း စီမံကိန်းများတွင်
အသုံးစရိတ်များ လျှော့ချသုံးစွဲမှုအပါအဝင် ဘတ်ဂျက် အကောင်အထည်ဖော်မှုတွင် အခက်အခဲရှိနေ
သေးကြောင်းကို ညွှန်ပြနေပါသည်။ လိုငွေပြဘတ်ဂျက်ကို ဖြည့်ဆည်းရာ၌ ဗဟိုဘဏ်၏ ထောက်ပံ့မှုကို
၂၀ ရာခိုင်နှုန်း အောက် လျှော့ချခဲ့ပြီး ငွေတိုက်စာချုပ်များ အသုံးပြုဖြည့်ဆည်းခြင်းအားဖြင့်
monetary aggregates ကို ထိန်းချုပ်ခဲ့သည်။ ၂၀၁၈-၂၀၁၉ ခုနှစ်၏ ဘတ်ဂျက် လိုငွေမှာလည်း
ဘတ်ဂျက်သုံးစွဲနိုင်စွမ်းအရ အကန့်အသတ်ရှိနိုင်သည်ဟု ခန့်မှန်းထားရ ပေမည်။
▲▲ကြိုးပမ်းရမည်ဖြစ်▲▲
မျက်မှောက်ခေတ်တွင်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးပွားရေးကို နိုင်ငံအချင်းချင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ပူးပေါင်း ဆောင်ရွက်ခြင်း၊ ပေါင်းစည်းခြင်း စသည့်အသွင်အမျိုးမျိုးဖြင့် နှစ်နိုင်ငံချင်းသဘောတူညီချက်များ၊
ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေးအုပ်စုများကြား သဘောတူညီချက်များဖြင့် ဆောင်ရွက်လျက်ရှိကြပေသည်။
အခြေခံ လိုအပ်ချက်မှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို တိုးပွားလိုပါက ရင်းနှီးမြှုပ်နှံမှု
ပတ်ဝန်းကျင် ကောင်းများ ထူထောင်ပေးရန်သာ ဖြစ်ပေသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၈ ခုနှစ်မှ
စတင်၍ bilateral investment treaty နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ၁၁ စောင် ချုပ်ဆိုထားပါသည်။
Investment provision ပါဝင်သော စာချုပ်ပေါင်း ၁၆ စောင်ကိုလည်း ဒေသဆိုင်ရာ အုပ်စုအဆင့်နှင့်
ပါဝင်လျက် ချုပ်ဆိုထား သည်ဟု သိရပါသည်။ ထို့အတူ Investment Provision and
Protection Agreement, Investment Incentive Agreement, Investment Liberalization
Promotion and Protection Agreement များ ချုပ်ဆို၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
တိုးတက်စီးဝင်ရေးကို ဆောင်ရွက်ထားပေသည်။
မြန်မာနိုင်ငံအပေါ်
IMF နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့၏ ၂၀၁၆ ခုနှစ် Consultation Report အရ ခန့်မှန်း
ချက်မှာ ကာလရှည်ဖြစ်သော ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၃၅- ၂၀၃၆ ခုနှစ်အထိ Average Growth
rate of GDP ကို ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်နှုန်း ရရှိရေးကို ဆွဲဆောင်မှု၊ အကာအကွယ်ပေးမှု၊
အကျိုးအမြတ်တိုးပွားစေရေး တွန်းအားပေးမှုများ အရ ကြိုးပမ်းရမည် ဖြစ်ပါသည်။
▲▲အလားအလာကောင်းများ▲▲
မြန်မာနိုင်ငံသည်
အာရှတိုက်၏ အထင်ရှားဆုံးသော မြေမျက်နှာသွင်ပြင် အချက်များစွာအနက် တစ်ခုပေါ်၌ တည်ရှိ
နေပြီး ကမ္ဘာ့စီးပွားရေးဖွံ့ ဖြိုးမှု အလျင်မြန်ဆုံးနိုင်ငံများ ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊
အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်သွယ်လျက်ရှိပါသည်။ ထို့အတူဘင်္ဂလား
ပင်လယ်အော်နှင့် အက်ဒမန်ပင်လယ်နှစ်ခုစလုံး ဆီသို့မဟာဗျူဟာကျသည့် ထွက်ပေါက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်
ပါသည်။ ထို့အတူ အာဆီယံစီးပွားရေး အသိုင်းအဝိုင်း မှနေ၍ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ
(ASEAN China Free Trade Area - ACFTA) အာဆီယံ ဂျပန်ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု
AJCEP တို့၏ အဖွဲ့ဝင်ဒေသအတွင်း ထုတ်လုပ်မှု ကွန်ရက်များ တွင် ပေါင်းစည်းမှုကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့်
အကျိုးဖြစ် ထွန်းမည် ဖြစ်ပါသည်။ ထို့အတူ One Belt and One Road မှတစ်ဆင့် တိုးတက်လာသည့်
ဒေသတွင်းဆက်သွယ်မှု မှာလည်း အနာဂတ်ကာလတွင် ဒေသတွင်းဖွံ့ ဖြိုးတိုးတက်မှု၏ ဆင့်ပွားထပ်ဆောင်း
အခြေအနေအရ အလားအလာကောင်းကို ခံစားနိုင်မည်ဖြစ်သည်။ ဤသည်တို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
FDI တိုးပွားရေးအတွက် အလားအလာကောင်းများဟု ဆိုရပေမည်။
▲▲တွန်းအားပေးနိုင်မည်▲▲
မြန်မာနိုင်ငံအနေဖြင့်
ရင်ဆိုင်နေရသော ပကတိအခြေ အနေမှာ လျှပ်စစ်ဓာတ်အား ပုံမှန်ပို့လွှတ်နိုင် မှုမရှိခြင်း၊
လျှပ်စစ် ဓာတ်အား လုံလောက်မှုမရှိခြင်း၊ သယ်ယူပို့ဆောင်မှု အရည်အသွေး မပြည့်ဝသေးခြင်း၊
အခြေခံအဆောက်အအုံ လုံလောက်မှုများ နိမ့်ကျနေခြင်းများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။
ဤရင်ဆိုင်မှုကို ကျော်လွှားနိုင်ရန်မှာ နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုများမှ
အဆင့် ကျော်လွှားရန် ကြိုးပမ်းသည်ထက် နိုင်ငံတကာအဖွဲ့အစည်းများ၏ အထောက်အပံ့ဖြင့် ကျော်လွှားနိုင်မည့်
အခြေအနေ သစ်များကို အခြေအမြစ်ကျကျ စီစဉ်နိုင်လျှင် FDI စီးဝင်လာမှုကို ပိုမို၍ တွန်းအားပေးနိုင်
မည်သာ ဖြစ်သည်။ သို့သော် ပြည်ပအကြောင်းအရင်းများ အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်
ဖွံ့ ဖြိုးပြီး အာဆီယံ နိုင်ငံများကဲ့သို့ အိမ်နီးချင်းနိုင်ငံများတွင် ထုတ်လုပ်မှုကုန်ကျစရိတ်
မြင့်တက်လာခြင်း၊ အာဆီယံစီးပွားရေးအသိုင်းအဝိုင်း ဖွဲ့စည်းထူထောင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ
ဆက်စပ်လှုပ်ရှားမှု ဖြစ်စဉ် တိုးတက်ဖြစ်ထွန်းမှုများသည် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုပြုခြင်းဖြင့်ရရှိမည့်
အခွင့်အလမ်းကောင်းများ ရှိနေခြင်းမှာ အားရဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါသည်။ မျက်မှောက် စီးပွားရေး
အခြေအနေ၏ အနာဂတ် အလား အလာကို ရင်းနှီးမြှုပ်နှံမှု နည်းလမ်းအရ တွန်းအားပေးရာတွင် ပို့ကုန်ဦးစားပေး
လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းဈေးကွက် ဦးစားပေး လုပ်ငန်းများတွင်
ရင်းနှီးမြှုပ်နှံမှု၊ အရင်းအမြစ် အခြေပြု လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှုများသည်
ရှေ့တန်းတင် အလေးထားပြု ရင်းနှီးမြှုပ်နှံမှုများအဖြစ် သတ်မှတ်ချက်အဖြစ် အသိအမှတ်ပြုရန်
ဖြစ်ပါသည်။
ပြည်တွင်းပြည်ပ အခြေအနေများနှင့်
ရင်းနှီးမြှုပ်နှံမှု၊ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်မှုဖြစ်သည့် လွယ်ကူ လျင်မြန် ချောမွေ့သော
ရင်းနှီးမြှုပ်နှံသူများ ကျွမ်းဝင်မှုရှိသော ပတ်ဝန်းကျင်ပေါ်ထွန်းစေသည့် OSS ခေါ် One
Stop Service Centre ထားရှိခြင်းဖြင့် လုပ်ငန်းစဉ်များ ချောမွေ့စေအောင် ဆောင်ရွက်ပေးခြင်း၊
ရှင်းလင်းလွယ်ကူ အချိန်မယူသော လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်း Standard
Operating Procedure (SOPs) များထားရှိကာ ဆောင်ရွက်ခြင်းများဖြင့် ထိရောက်ထက်မြက်သော
ဆွဲဆောင်မှုများ ကျင့်သုံး၍ ၂၀၁၆ ခုနှစ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို
သရုပ်ပေါ်သထက် ပေါ်အောင် ဆောင်ရွက်ကြရန်ကာလသို့ ရောက်ရှိနေပြီဟု ဆိုရပါမည်။ သို့မှသာ
မြန်မာ့စီးပွားရေး၏ အနာဂတ်အလား အလာများနှင့် ရင်းနှီးမြှုပ်နှံမှုသည် “ရေ” နှင့် “ကြာ”
လို တင့်တယ်မည်ဖြစ်ပေသည်။ ။
No comments:
Post a Comment