နေပြည်တော်
ဇန်နဝါရီ ၆
နိုင်ငံလူဦးရေ
အများဆုံးနေထိုင်ရာ ကျေးလက်ဒေသများ၏ ဘက်စုံဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများ အကောင်အထည်ဖော်
ကြိုးပမ်းဆောင်ရွက်ရာတွင် ဒေသနေပြည်သူ များ၏ စုစည်းညီညွတ်စွာ ပူးပေါင်း ပါဝင်ခြင်းသည်
များစွာအရေးပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး အဆောက်အအုံများ တည်ဆောက်ခြင်း အတွက် မြေယာအသုံးချမှုတွင်လည်း
စိုက်ပျိုး ထုတ်လုပ်မှုကို မထိခိုက်စေရေးနှင့် သတ်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ
ဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဇန်နဝါရီ ၅ ရက် မွန်းလွဲပိုင်းတွင် လက်ပန်
မြစိမ်းရောင်ကျေးရွာ ရပ်မိရပ်ဖများ၊ စီမံကိန်း ကော်မတီဝင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာအောင်သူက ပြောကြားသည်။
တွေ့ဆုံပွဲအခမ်းအနားတွင်
ကျေးရွာ ရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြရာ သက်ဆိုင်ရာ
ညွှန်ကြားရေးမှူးချုပ်များက ရှင်းလင်းပြောကြားကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့က ဖြည့်စွက်ဆွေးနွေးကြကာ
ကျေးရွာဖွံ့ဖြိုးရေး လိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လက်ပန်ကျေးရွာ ကိုးသိန်း ရှင်ရန်ပြေ စေတီတော် အတွက်
အလှူငွေများ ပေးအပ်လှူဒါန်းပြီး သာသနာ့နယ်မြေအတွင်း လှည့်လည် ကြည့်ရှုကာ တာဝန်ရှိသူများအား
လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
ထို့နောက်
လက်ပန်မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြရာ ကျေးလက်ဒေသဖွံ့
ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က မြစိမ်းရောင် ကျေးရွာ စီမံကိန်း
လုပ်ငန်းဆိုင်ရာများကို တင်ပြပြီး လက်ပန်မြစိမ်း ရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်
များက လုပ်ငန်းအမျိုးအစားအလိုက် အောင်မြင်စွာ ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။
ထိုမှတစ်ဆင့်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အုတ်ဖိုကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာ ဖွံ့ဖြိုးရေး
စီမံကိန်း (VDP) ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြရာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ပဲခူးတိုင်းဒေသကြီး အတွင်း
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ကျေးရွာတစ်ရွာ
ထုတ်ကုန်တစ်မျိုး (OTOP) စီမံကိန်းဆိုင်ရာများကို လည်းကောင်း၊ အုတ်ဖိုကျေးရွာမှ စီမံကိန်း
ကော်မတီဝင်များက ဦးစားပေး လုပ်ငန်းအလိုက် စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို
လည်းကောင်း တင်ပြကြသည်။
တင်ပြချက်များအပေါ်
ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမြေများ အဆင့်မြှင့်တင် ပေးနိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး
တွဲဖက်လုပ်ကိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ကွင်းဆင်း လေ့လာကာ ဒေသနှင့် လိုက်လျောညီထွေစွာ
အကျိုးဖြစ်ထွန်းစေနိုင်မည့် အစီအမံများ အကောင်အထည်ဖော် ဆောင်ရွက်ပေးရေး ဆွေးနွေးမှာကြားသည်။
ထို့နောက်
တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများ တွေ့ကြုံရမှုအပေါ် စိုက်ပျိုးရေး ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက လိုက်နာကျင့်သုံးရန် လိုအပ်သည့် နည်းပညာရပ်
ဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments:
Post a Comment