မကွေး၊ ဇန်နဝါရီ ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အဖွဲ့သည် ဇန်န၀ါရီ (၅)ရက်
နံနက်ပိုင်း၌ မကွေးမြို့နယ်၊ မယ်လှတောင် ကျေးရွာအုပ်စု၊ မြင်းကင်းကျေးရွာတွင် လူမှုကာကွယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ရန် သွားရောက်ခဲ့သည်။
လူမှုကာကွယ်စောင့်ရှောက်ရေး
လုပ်ငန်းများဖြစ်သော မသန်စွမ်းသူများအား ထောက်ပံ့ခြင်း၊ သက်ကြီးရွယ်အို များအား လစဉ်
လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ကိုယ်ဝန် ဆောင်မိခင်များအား ထောက်ပံ့ခြင်း၊ (၆)လအောက်
ကလေးငယ်နှင့် မိခင်များအား ထောက်ပံ့ခြင်း၊ အမျိုးသမီးဦးဆောင်မိသားစုများအား ထောက်ပံ့ခြင်း၊
မကွေးမြို့နယ် အတွင်းရှိ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများအား ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့်
မိမိဝန်ကြီး ဌာနအောက်ရှိဝန်ထမ်းများအား တွေ့ဆုံပြီး လုပ်ငန်းများပိုမို အောင်မြင်စေရန်ကြိုးစား
ကြရန်နှင့် ဝန်ထမ်းများ၏ တင်ပြချက်နှင့် လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်
ပေးခဲ့ကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment