Saturday, January 19, 2019

အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်မူကြမ်းအပေါ် သက်ဆိုင်ရာ အစိုးရဌာနများအတွင်း အကြံပြုဆွေးနွေး




နေပြည်တော် ဇန်နဝါရီ ၁၈
အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက် မူကြမ်းအပေါ် သက်ဆိုင်ရာ အစိုးရဌာနများအတွင်း အကြံပြု ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ Horizon Lake View Hotel၌ ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ မူးယစ် ဗဟိုအဖွဲ့ တွဲဖက် အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်နှင့်အတူ မူးယစ်ဗဟို အဖွဲ့မှ တာဝန်ရှိသူများ၊ အစိုးရဌာနဆိုင်ရာ အကြီးအကဲများ၊ ကျွမ်းကျင်ပညာရှင်များ၊UNODC မှကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် မူးယစ်ဗဟိုအဖွဲ့တွဲဖက်အတွင်းရေးမှူးက အမှာစကားပြောကြားပြီး မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ စီမံကိန်းဌာနမှူး ရဲမှူးကြီး အုပ်စိုးထွန်းက အမျိုးသား မဟာဗျူဟာစီမံချက်မူကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။ ယင်းနောက် အမျိုးသားမဟာဗျူဟာစီမံချက်တွင် ပါဝင် သော သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက် တွဲအန္တရာယ် လျှော့ချ ရေးကဏ္ဍနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာ ကဏ္ဍများအလိုက် အုပ်စုဖွဲ့ဆွေးနွေးကြ သည်။ ရဲမှူးကြီး အုပ်စိုးထွန်းက အမျိုးသားမဟာဗျူဟာစီမံချက် အတည်ပြု နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ရှင်းလင်းတင်ပြပြီး မူးယစ်ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment