နေပြည်တော်
ဇန်နဝါရီ ၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air
Chief Marshal Chaiyapruk Didyasarin အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌
လက်ခံတွေ့ဆုံသည်။
များစွာအထောက်အကူဖြစ်
ထိုသို့တွေ့ဆုံရာတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်း မိတ်ဆွေဟောင်း၊
မိတ်ဆွေကောင်းနိုင်ငံများဖြ စ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုသည်
နှစ်နိုင်ငံအတွက် အရေးကြီးကြောင်း၊ ယခုအခါ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု
ခိုင်မာကောင်းမွန်ခြင်းကြော င့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို များစွာ
အထောက်အကူဖြစ်စေကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် 
နယ်စပ်ဒေသတည်ငြိမ်အေးချမ်းေ အာင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။
ထို့နောက်
ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က မိမိတို့ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲစွာ
ကြိုဆိုမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ့တပ်မတော် (လေ) မှ ပထမဆုံးအကြိမ် အပ်နှင်းသည့်
ဂုဏ်ထူးဆောင် လေသူရဲတောင်ပံ တံဆိပ်အား မိမိကိုအပ်နှင်းသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊
နှစ်နိုင်ငံတပ်မတော် နှစ်ရပ်နှင့် တပ်မတော် (လေ) နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အော င် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း
ပြောကြားသည်။
ရင်းနှီးစွာဆွေးနွေးခဲ့
ယင်းနောက်
နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ
ပိုမိုတိုးတက်ကောင်းမွန်စေေ ရးအတွက် အဆင့်အလိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်
လည်ပတ်ရေး၊ ချစ်ကြည်ရေး အားကစားပွဲများ၊ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် (ကြည်း၊ရေ၊လေ) တပ်ဖွဲ့များအချင်းချင်း
ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ
တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်မှုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများတွင်
ပူးပေါင်းဆောင်ရွက်ရေးကိစ္စရ ပ်များကို ရင်းနှီးစွာဆွေးနွေးခဲ့ကြေ ကာင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏
သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ
- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

No comments:
Post a Comment