စစ်တွေ
ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဦးညီပုသည် ယနေ့နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လေးကျေးရွာတွင် ရောက်ရှိနေသည့်
တိုက်ပွဲရှောင်ပြည်သူများကို တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ
ပေးအပ်သည်။
ထို့သို့တွေ့ဆုံစဉ်
ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေလုံခြုံရေး အခြေအနေကြောင့် ယခုကဲ့သို့ လာရောက် နေထိုင်ကြရချိန်တွင်
မိမိတို့ အစိုးရအဖွဲ့အနေဖြင့် စားသောက်နေထိုင်ရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ဖြည့်ဆည်း
ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ကျန်းမာရေး စောင့်ရှောက်မှုအတွက်လည်း လိုအပ်သည့်
ဆရာဝန်၊ ဆရာမများနှင့် ဆေးဝါးပစ္စည်းများကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
ပြောကြားသည်။
ထို့နောက်
နေရပ်စွန့်ခွာ တိမ်းရှောင်နေသူများက စားဝတ်နေရေး၊ ကျန်းမားရေးနှင့် သောက်သုံးရေ ရရှိရေးများ
အတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
ယင်းနောက်
အထက်မြတ်လေးကျေးရွာရှိ တိုက်ပွဲရှောင်စခန်းတွင် အိမ်ထောင်စု ၈၈ စု၊ လူဦးရေ ၄၂၇ ဦးအတွက်
ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော
ထောက်ပံ့ငွေကျပ် ၄၂ သိန်း၊ ရေသန့်ဗူး ၂၀၀၊ မိသားစုအသုံးဆောင် ပစ္စည်း ၈၂ ဗူးကို လည်းကောင်း၊
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ လှူဒါန်းသည့် ဆန်တစ်လစာအတွက်
ငွေကျပ် ၃၇၅၃၀၀၀၊ ဖျာ ၈၈ ထည်အတွက် ငွေကျပ် ၄၄၀၀၀၀၊ စောင် ၁၇၆ ထည်အတွက် ငွေကျပ် ၄၆၁၁၀၀
နှင့် မွေးမိခင်တစ်ဦးအတွက် ငွေကျပ် ၅၀၀၀၀ တို့ကိုလည်းကောင်း ထောက်ပံ့ကြသည်။
တင်ထွန်း(ပြန်/ဆက်)

No comments:
Post a Comment