Wednesday, January 9, 2019

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့တို့ တွေ့ဆုံ


နေပြည်တော် ဇန်နဝါရီ ၈
 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်နှင့်အဖွဲ့အား ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျပ်တစ်သောင်းတန် ငွေစက္ကူများ အတု၊ အစစ် ခွဲခြားခြင်းကိစ္စ၊ နိုင်ငံခြားသုံးငွေ ရည်ညွှန်း ငွေလဲလှယ်နှုန်း သတ်မှတ်ခြင်းဆိုင်ရာကိစ္စ၊ နိုင်ငံခြားငွေဈေးကွက် တည်ငြိမ်စေရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လုပ်ငန်းပိုင်း ဆိုင်ရာဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်နိုင်မည့် အခြေအနေ များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment