ပုသိမ်
ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်မြို့ရှိ ရေကြည်၊ ရေနောက် ကန်တော်နှစ်ကန်အနီးရှိ အလောင်းစည်သူမင်းကြီး၏ ဖောင်တော်ဦးစေတီကိုငုံ၍
ဌာပနာပြီး တည်ထားကိုးကွယ်သော လေးကျွန်းရန်အောင်စေတီတော်မြတ်ကြီး၏ ထီးတော်ဟောင်း မှာ
ကြံ့ခိုင်မှုအားနည်းလာသည့် အတွက် ထီးတော်ဟောင်းအား ထီးစေတီ တည်ထားကိုးကွယ်ရန်အတွက် ရင်ပြင်တော်ပေါ်သို့
ပင့်ဆောင်ပူဇော်သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါ စေတီတော်ရင်ပြင်၌ ပြုလုပ်သည်။
ထီးတော်ဟောင်းအား
စေတီတော်ရင်ပြင်သို့ ပင့်ဆောင်ခြင်း အခမ်းအနားကို ဒုတိယကျိုက်ထီးဆောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ဒေါက်တာ ဘဒ္ဒန္တနာဂဒီပ၏ ကြီးကြပ်ဆောင်ရွက်မှု တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်
နှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့်
နယ်စပ်တောင်တန်းဒေသ သာသနာ့ နုဂ္ဂဟအသင်းဗဟို (ဥက္ကဋ္ဌ) ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ ဦးဆောင်သော
တိုင်းနုဂ္ဂဟ အဖွဲ့ဝင်များနှင့် ကျိုက်ထီးဆောင်း ငါးသုံးလီမိသားစုတို့မှ ထီးတော်ဟောင်းအား
ပင့်ဆောင် ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါစေတီတော်မှာ
သမိုင်းဝင်စေတီတော်မြတ်ကြီး တစ်ဆူဖြစ်ပြီး တတိယသင်္ဂါယနာ တင်ခဲ့သော အာသောက မင်းကြီးလက်ထက်က
ယင်းနေရာတွင် စေတီတော်တစ်ဆူ ရှိခဲ့ သဖြင့် ထိုစေတီကို ဖူးမြော်လိုသည့် အလောင်းစည်သူမင်းကြီးမှ
မော်တင်စွန်းဆံတော်ရှင်စေတီတော်ကို မွမ်းမံပြုပြင် ပြီးနောက် ပုသိမ်သို့အရောက် ဖောင်တော်ဆိုက်ရာနေရာ၌
ယခုစေတီ တည်ထားသည့်နေရာတွင် ဖောင်တော်ဦးစေတီတော် ကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
ရှေးဟောင်းသမိုင်းဝင်
လေးကျွန်းရန်အောင်စေတီတော် မြတ်ကြီးအား ထီးတော်အသစ် တင်လှူ ပူဇော်ရန်နှင့် ဘက်စုံ ပြုပြင်မွမ်းမံဆောင်ရွက်နေမှုများအား
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဇန်နဝါရီ ၅
ရက် ညနေပိုင်းတွင် လာရောက် ဖူးမြော်ကြည့်ရှု ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ယခုအခါ
ယင်းစေတီတော်မြတ်ကြီးအား သာသနာ(၂၅ဝဝ) မှ သာသနာ (၅ဝဝဝ) တည်တံ့ဆောင်နိုင်ရန် ရွှေထီးတော်၊
ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်အသစ် တင်လှူပူဇော် ရန်နှင့် ဘက်စုံပြုပြင်မွမ်းမံမှုများအတွက်
ဧရာဝတီတိုင်းဒေသကြီး၊ သံဃာ့ဥသျှောင် သံဃနာယက ဆရာတော်ကြီးများထံမှ သြဝါဒခံယူပြီး သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့၏ ညွှန်ကြားမှုဖြင့်
ထီးတော်အသစ် တင်လှူပူဇော်ရန်နှင့် ဘက်စုံ ပြုပြင်မွမ်းမံမှုများဖြစ်သော စေတီတော်ရှိ
မျက်နှာကြက် မိုးယို စိမ့်နေမှုအား ခေတ်မီ နည်းပညာများဖြင့် ရေယိုစိမ့်မှု ကာကွယ် ဆေးထိုးခြင်းနှင့်
ကတ္တရာလိပ်ခင်းခြင်း၊ ရေဆင်းပိုက်များ လဲလှယ်တပ်ဆင်ခြင်း၊ ဘုရားပရိဝုဏ်ပတ်ပတ်လည်အား
ကျုံးရေကန်တူးဖော်ခြင်းနှင့် ကျုံးပတ်လမ်း တည်ဆောက်ခြင်း၊ ရေကြည်၊ ရေနောက်ကန်အား သန့်ရှင်းမှုရှိစေရန်
ပြန်လည် တူးဖော်ခြင်း၊ ဧက ၅ဝ အကျယ်ရှိသော ဘုရားပရိဝုဏ်မြေကို ချုံနွယ်များရှင်းလင်း၍
အများသူငှာ စိတ်ချမ်းမြေ့စွာ အနားယူ နိုင်ရန်နှင့် ကြည်ညိုသဒ္ဓါပွားနိုင်စေရန် ဥယျာဉ်တော်
တည်ဆောက်ခြင်း၊ ဘုရားအဝင်၊ အထွက် လမ်းအား ကွန်ကရစ် လမ်းခင်းခြင်းအပါအဝင် ဘက်စုံပြုပြင်မွမ်းမံမှုများ
ဆောင်ရွက်လျက်ရှိသည်။
ထီးတော်အသစ်အား
တပေါင်းလတွင် တင်လှူပူဇော်ပြီး ဘက်စုံပြင်ဆင်ရေး လုပ်ငန်းများ ပြီးစီးမည့် ၂ဝ၂ဝ ပြည့်နှစ်
တွင် အလှူမင်္ဂလာအောင်ပွဲ အထိမ်းအမှတ်အဖြစ် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၅ဝဝဝ တို့အား
သာသနာ့ဘောင် သို့ သွတ်သွင်းခြင်း အလှူတော်မင်္ဂလာကိုလည်း စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment