ရန်ကုန် ဇန်န၀ါရီ ၇
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း
ကုလသမဂ္ဂ CEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိအဖွဲ့ဝင်ဖြစ်သူသံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနှင့်
ကော်မရှင်အဖွဲ့ဝင် လူသားချင်းစာ နာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂဒုတိယ အတွင်းရေးမှူးချုပ်နှင့်
အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေး မှူးဟောင်း ကုလသမဂ္ဂ ဆိုင်ရာဂျပန် အမြဲတမ်းကိုယ်စား လှယ်ဟောင်း
သံအမတ်ကြီး ကင်ဇိုအိုရှီးမားတို့သည် ယနေ့ ညနေ ပိုင်းတွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့်
ပဉ္စမအကြိမ် သီးခြားစီရောက်ရှိလာကြသည်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌအား နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ
ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်အစိုးရသည် လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်ကို ရခိုင်ပြည်နယ်တွင်
ပြန်လည် သင့်မြတ်ရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက်
အမျိုးသားအစီအစဉ်တစ်ရပ် အနေဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
(သတင်းစဉ်)

No comments:
Post a Comment