Friday, September 28, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးအားတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး သည် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr. Knut Ostby အား နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ နံနက်ပိုင်းက တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ် တိုးတက်မှု အခြေအနေများ၊ IDP စခန်းများ ပိတ်သိမ်းနိုင်ရေး အတွက် အမျိုးသားအဆင့် မဟာဗျူဟာချမှတ်ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်းရှိ IDP စခန်းများပိတ်သိမ်းမှုများနှင့် ပတ်သက်၍ နောက်ဆုံး အခြေ အနေများ၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုသဟဇာတ မျှတဖြစ်ထွန်းရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် သက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရေးနှင့် ကယ်ဆယ်ရေးစခန်း ပိတ်သိမ်းရေး မဟာဗျူဟာ လုပ်ငန်းစဉ်တွင် နီးကပ်စွာ ပူးပေါင်းပါဝင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment