နေပြည်တော်၊ ဇူလိုင်
၁၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ်
Ms. Christine Schraner Burgener အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်
ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက်
အစိုးရနှင့်တပ်မတော်မှ ဆောင်ရွက်နေမှု မူးယစ်ဆေးဝါး
တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ
အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
အလားတူ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်သည် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mr. Zahairi bin
Baharim အား မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
နှစ်နိုင်ငံ နှင့်နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီး ကောင်းမွန်သည့်
ဆက်ဆံမှုတိုးမြှင့် ဆောင်ရွက်ရေးကိစ္စရပ်များ၊ သတင်းအချက် အလက်များအပြန်အလှန်ဖလှယ်ရေးနှင့်
အကြမ်းဖက်မှုအန္တရာယ် တားဆီး ကာကွယ်နှိမ်နင်းရေးတွင် တပ်မတော်နှစ်ရပ်ပူးပေါင်းဆောင်ရွက်ရေး၊
မူးယစ်ဆေးဝါးတရားမ၀င် ကုန်သွယ်မှုများအား ပူးပေါင်းနှိမ်နင်းဆောင်ရွက်ရေး၊ တပ်မတော်နှစ်ရပ်အကြား
အဆင့်အလိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေး၊ အားကစားအဖွဲ့များ အပြန်အလှန်စေလွှတ်ရေး၊
လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် စစ်ဘက်ဆေးပညာများ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာ
ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သည့် NCA လက်မှတ်ရေးထိုးထားသော
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (Peace
Process Steering Team- PPST) ဦးဆောင် အဖွဲ့မှအဖွဲ့ဝင်များကို လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး
လုပ်ငန်းစဉ် (Peace Process Steering Team- PPST) ဦးဆောင်အဖွဲ့မှအဖွဲ့ဝင်များသည် ပြည်တွင်းငြိမ်းချမ်းရေး
ရရှိရန်အတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး
သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား
အမြန်ဆုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး
ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)
ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား) တို့
တက်ရောက်ကြပြီး KNU အဖွဲ့ဥက္ကဋ္ဌနှင့်အတူ KKO အဖွဲ့ဥက္ကဋ္ဌ စောမူရှေး၊ KNU/KNLA(PC) အဖွဲ့
အထွေထွေ အတွင်းရေးမှူး နော်ကပေါ်ထူး၊ RCSS/SSA အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့
ခေါင်းဆောင် ဦးဘောင်ခေး၊ PNLO အဖွဲ့နာယက ခွန်ဥက္ကာ၊ ALP အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်၊
ABSDF အဖွဲ့ ဥက္ကဋ္ဌ ဦးသံခဲ၊ CNF အဖွဲ့ဥက္ကဋ္ဌ ဦးပူဇင်ကျုံး၊ NMSP (မွန်) အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ထောမွန်နှင့်
LDU အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးကြာဆော်လမွန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)



No comments:
Post a Comment