နေပြည်တော် ဇူလိုင် ၁၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏
အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ
နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
-(၂၁) ရာစုပင်လုံ အပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့်
ရခိုင်ပြည်နယ် အရေး ကိစ္စတွင် တရုတ်နိုင်ငံမှ အပြုသဘောဆက်လက်ကူညီ ဆောင်ရွက်ပေး မည့်
ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment