ရန်ကုန်
ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီးအတွင်း
လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်
ကောင်းမွန်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ်
ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ
ပြည်ထောင်စုဝန်ကြီးက မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်းအရ အိမ်ထောင်စုပေါင်း(၁၀)
သန်းကျော်တွင် လျှပ်စစ်မီး အသုံးပြုနေသည့် အိမ်ထောင်စုပေါင်း (၄)သန်းကျော် ရှိသည့်အနက်
ရန်ကုန်တိုင်း ဒေသကြီးသည် (၁ဒသမ၃) သန်းခန့် အသုံးပြုလျက်ရှိသည့်အတွက် လျှပ်စစ်ဓာတ်အား
တိုးတက်ရရှိရေးကို အလေးပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူလူထုအတွက် အရည်အသွေး
ပြည့်ဝပြီး ဝန်ဆောင်မှု ကောင်းသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးရန် လိုအပ်ကြောင်း၊
လျှပ်စစ်ဓာတ်အားကို ပြည်သူလူထု၊ စက်မှုလုပ်ငန်းရှင်၊ စက်မှုဇုန်၊ စီးပွားရေးလုပ်ငန်း
စသည့် ကဏ္ဍတိုင်းတွင် သုံးစွဲနိုင်ရန်နှင့် ဈေးကွက်တစ်ခု အနေဖြင့် ရှုမြင်ပြီး ဆောင်ရွက်ကြရန်
လိုအပ်ကြောင်း၊ လျှပ်စစ်ကို ပြည်သူလူထု လိုချင်သည့် အချိန်၊ လိုချင်သည့်နေရာ၊ လိုချင်သလောက်
ဓာတ်အားကို သင့်လျော်သောဈေးနှုန်း တစ်ခုဖြင့် ပေးနိုင်သည့် ဝန်ဆောင်မှုကောင်းသည့် အဖွဲ့အစည်းမျိုး
ဖြစ်ရေး ပြောင်းလဲဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ World Bank ၏ Doing Bussiness
တိုင်းတာချက်များတွင်လည်း လူတစ်ဦးခြင်း၏ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ရရှိမှုသည် အရေးပါသည့်
အလျှောက် ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင်လည်း အဆိုပါ Index မှာ အရေးကြီးသည့်အတွက်
မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် တာဝန်ယူမှု တာဝန်ခံမှု အပြည့်နှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
မိမိတို့အနေဖြင့် ယခုအခါ လိုအပ်ချက်များအပေါ် တွေ့မြင်နေပြီ ဖြစ်သည့်အတွက် ၎င်းအားနည်းချက်များအား
အခြေခံပြီး ပြုပြင်နိုင်ရန်အတွက် ရည်မှန်းချက်ထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့်
ပြောကြားသည်။
ယင်းနောက်
အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏
လက်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှုများနှင့် ပတ်သက်၍ ဖြစ်ပေါ်နေမှု အခြေအနေများအပေါ်
သုံးသပ်တင်ပြသည်။
ထို့နောက်
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊
မြောက်ပိုင်းခရိုင်များ၏ ခရိုင်လျှပ်စစ်မန်နေဂျာများမှ မိမိတို့ခရိုင်အလိုက် မီးသုံးစွဲသူဦးရေ၊
ဓာတ်အားခ နှုန်းထား ကောက်ခံမှု အခြေအနေ၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းရေးအတွက် တိုးတက်
ကောင်းမွန်စေအောင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်
ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဌတို့မှ
ခရိုင်များ အလိုက်တင်ပြချက်များ အပေါ် သုံးသပ်ဆွေးနွေး တင်ပြခဲ့ပြီး လျှပ်စစ်ဓာတ်အား
ပို့လွှတ်ရေး နှင့် ကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ရန်ကုန်တိုင်းဒေသကြီး
အတွင်းတိုးချဲ့ အကောင် အထည်ဖော် တည်ဆောက်မည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်း
အစီအမံများကို တင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ခရိုင်များအလိုက် ဖြစ်ပေါ်နေမှု
အခြေအနေများ အရ နည်းပညာပိုင်းဆိုင်ရာ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖြည့်စွက်ဆွေးနွေး
တင်ပြသည်။
တင်ပြမှုများအပေါ်
ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment