နေပြည်တော် မေ ၁၄
မြန်မာနိုင်ငံ
အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များသည် ရန်ကုန်မြို့ရှိ
ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယအကြီးအကဲ Ms. Dawn
Del Rio နှင့် အဖွဲ့အား မေ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၌
တွေ့ဆုံ၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု
အစီအစဉ် (UNDP) တို့ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံရာ၌
ကော်မရှင်ဥက္ကဋ္ဌက လူ့အခွင့်အရေး မြှင့်တင်ရေး၊ ကာကွယ်ရေး၊ ဥပဒေရေးရာနှင့် နိုင်ငံတကာဆက်ဆံရေး
နယ်ပယ်တို့တွင် ကော်မရှင်၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားကာ ရှေ့ဆက်လက် ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များကို ရှင်းပြသည်။
ကုလသမဂ္ဂဖွံ့ဖြိုးမှု
အစီအစဉ် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို အကူအညီပေးမည့် အစီအစဉ် တစ်ရပ်ဖြစ်သည့်
တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးမှု အားကောင်းစေရေး စီမံချက် (Strengthening
Accountability and Rule of Law - SARL) တွင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အခန်းကဏ္ဍ
အရေးပါမှုနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့
ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ရှင်းပြ ဆွေးနွေးသည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့
နှစ်ရပ်အကြား အပြန်အလှန် ဆွေးနွေးကြပြီး ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်ကို ညှိနှိုင်းခဲ့ကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment