Wednesday, March 7, 2018

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်

၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီး မြှင့်သည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ပြီး ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီး မြှင့်သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ယခုကြွရောက်လာကြသူများသည် နိုင်ငံတော် အသွင်ကူးပြောင်းရေး ကာလတွင် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှ တာဝန်သိစွာဖြင့်၊ တာဝန်ကျေစွာဖြင့် ၀ိုင်းဝန်းပံ့ပိုးနေကြသူများအဖြစ် သတ်မှတ်ထားသည့်အတွက် ယခုကဲ့သို့ တွေ့ဆုံရခြင်း သည် အထူး မင်္ဂလာရှိပါကြောင်း၊
မိမိအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ၁၀ ဦးစီကိုသာ ကန့်သတ်၍ ဖိတ်ခေါ် ရပါကြောင်း၊ အမှန်တကယ် ကျေကျေပွန်ပွန် အခွန် ထမ်းဆောင်နေကြသည့် ကျန်ရှိသော ပုဂ္ဂိုလ်များကို မိမိအနေဖြင့် လစ်လျူရှုသည့် သဘောမရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့်သာ ယခုကဲ့သို့ ကန့်သတ်၍ ဂုဏ်ပြုရခြင်း ဖြစ်ပါကြောင်း၊ ယနေ့ အခမ်းအနားကို မတက်ရောက်လာနိုင်သူများနှင့် မိမိဖိတ်ကြားခြင်းမပြုနိုင်ခဲ့သည့် ပုဂ္ဂိုလ်များကိုလည်း ကျေးဇူးတင်စကား ပြောကြားလိုပါကြောင်း။
အခွန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အနည်းငယ် ဆန်းသလိုဖြစ်နေခဲ့သော်လည်း ယခု အချိန်တွင် များစွာနိုးကြားလာကြပြီဖြစ်ပါကြောင်း၊ အခွန်ထမ်းဆောင်ခြင်းသည် နိုင်ငံသူ နိုင်ငံသား တိုင်း၏ တာဝန်ဖြစ်ပါကြောင်း၊ အထူးသဖြင့် လုပ်ငန်းရှင်များသည် ပြည်ပနှင့် ထိတွေ့ဆက်ဆံနေသူများ ဖြစ်ကြ၍ အခွန်ထမ်းဆောင်ခြင်း အလေ့အထနှင့် တာဝန်ကို ပိုမိုသိရှိကြမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် အဆိုပါ အလေ့အကျင့်၊ အဆိုပါ ယဉ်ကျေးမှုသည် အားနည်း နေပါကြောင်း၊ ထို့ကြောင့် တစ်ဖက်တစ်လမ်းမှ ပါဝင်၍ အခွန်ထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များကို ကျေးဇူး တင်ပါကြောင်း။
အခွန်သည် လူတိုင်း၏တာဝန်ဖြစ်ပါကြောင်း၊ တာဝန်ကိုမသိ၍ မလုပ်သည့်သူများ ရှိပါကြောင်း၊ သိရှိပြီး မသိကျိုးကျွန်နေသူများလည်း ရှိပါကြောင်း၊ သိရှိပြီး အထိုက် အလျောက် တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်များလည်း ရှိပါကြောင်း၊ အပြည့်အ၀ တာဝန်ထမ်းဆောင်သည့် ပုဂ္ဂိုလ်များလည်းရှိပါကြောင်း၊ ထို့ကြောင့် ပြောလိုသည်မှာ ယနေ့ ကြွရောက်လာသည့် ပုဂ္ဂိုလ်များအပြင် အခွန်တာဝန်ကျေကြသည့် အခြားပုဂ္ဂိုလ် များလည်း ရှိကြမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ နောင်တွင်လည်း ယခုထက် ပိုမို တွေ့ဆုံပြီး ဂုဏ်ပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အခွန်တာဝန် ကျေသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏အကျိုးကို မိမိတို့ကျရာနေရာမှ ထမ်းဆောင် နေကြသည့် ပုဂ္ဂိုလ်များ အားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါကြောင်း။
မိမိအနေဖြင့် ယခုကဲ့သို့ အသိအမှတ်ပြုခွင့်ရသဖြင့် ကျေးဇူးတင်ပါကြောင်း၊ နောင်တွင်လည်း ဆထက်ထမ်းပိုး သယ်ပိုး၍ ထမ်းဆောင်နိုင်ကြပါစေဟု ဆုတောင်းပါ ကြောင်း၊ စီးပွားရေးများလည်း ကောင်းမွန်ပါစေကြောင်း၊ စီးပွားရေးကောင်းမွန်သည်နှင့် အမျှ မိမိတို့ တိုင်းပြည်နှင့် တစ်နိုင်ငံလုံးကို အကျိုးပြုနိုင်ပါစေဟု ဆန္ဒပြုဆုမွန် ကောင်း တောင်းပါကြောင်း။
ယနေ့ ကမ္ဘာကြီးတွင် ချမ်းသာသည့်နိုင်ငံကြီးများသည်ပင် မိမိတစ်နိုင်ငံတည်း ချမ်းသာလျှင် ချမ်းသာသလို မနေကြပါကြောင်း၊ မိမိ ဘေးပတ်ဝန်းကျင် နှင့် မိမိ လူ့အဖွဲ့အစည်းကို မည်ကဲ့သို့ လက်တွဲ ခေါ်ဆောင်မည်၊ မည်သို့ ပြုစုပျိုးထောင်မည်၊ မိမိ တစ်ယောက်တည်း အိမ်တစ်ဆောင် မီးတစ်ပြောင်နှင့် နေထိုင်မှု မပြုတော့သည့် စိတ်ဓာတ် အမူအကျင့်များ ရှိလာကြသည်ကိုတွေ့ရပါကြောင်း၊ လုပ်ငန်းကြီးများ အောင်မြင်လာသည်ဟု ဆိုရာတွင် လုပ်ငန်းရှင်ကြီးများ၏ စိတ်စေတနာ၊ ရိုးသားမှု၊ ကြိုးစားမှု၊ တာဝန်ကျေမှုအပြင် သက်ဆိုင်ရာ ၀န်ထမ်းများအားလုံး တစ်ဦး တစ်ယောက်ချင်း တာဝန်ကျေပွန်မှု၊ ချမှတ်ထားသည့် စည်းစနစ်များအပေါ်တွင် လိုက်နာမှုသည်လည်း လုပ်ငန်းများကြီးပွားမှုအတွက် များစွာ အထောက်အကူ ပြုသည်ဟု ထင်မြင်ပါကြောင်း။
လုပ်ငန်းရှင်များကို မိမိအနေဖြင့် ကျေးဇူးတင်သည်ထက် နိုင်ငံအတွက် ကျေးဇူး တင်ပါကြောင်း၊ မိမိတို့ အစိုးရ တာဝန်ထမ်းဆောင်နေသည့် အချိန်အတွင်း ကူညီ ပံ့ပိုးကြသည့် အတွက်ကျေးဇူးတင်ပါကြောင်း၊ နောင်တွင်လည်း ဆက်လက်၍ တာဝန် ကျေပွန်ပေးကြပါရန် ပြောကြားလိုပါကြောင်း၊ မိမိနိုင်ငံအတွက် တာဝန်ကျေကြသည့် အတွက် အသိအမှတ်ပြု ဂုဏ်ပြုခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်မှ ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အထိ ၆ နှစ် ဆက်တိုက် ၀င်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် အခွန် ထမ်း ကမ္ဘောဇဘဏ် လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။
ကမ္ဘောဇဘဏ်လီမိတက်ဥက္ကဋ္ဌသည် ၂၀၁၁-၂၀၁၂ မှ ၂၀၁၆-၂၀၁၇ အခွန် စည်းကြပ်နှစ်အထိ ၆ နှစ်ဆက်တိုက် ဝင်ငွေခွန် အမြင့်မားဆုံး ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ၀င်ငွေ ခွန် အများဆုံး ပေးဆောင်ခဲ့ကြသည့် ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ Diamond Star Co., Ltd မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုကြီး ကိုယ်စား ဒါရိုက်တာ ဦးစိုးတင့်၊ Myawaddy Bank Ltd မန်နေဂျင်း ဒါရိုက်တာ ဦးယုလွင် ကိုယ်စား အထွေထွေ မန်နေဂျာ ဦးမြင့်ထူး၊ Shwe Taung Development Co., Ltd မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဇော်နိုင်၊ Myanmar Economic Holding Limited ဌာနကြီးမှူး ဦးမင်းဇော်၊ Myawaddy Trading Ltd မန်နေဂျင်း ဒါရိုက်တာ ဦးခင်မောင်စိုး ကိုယ်စား ဒါရိုက်တာ ဦးအောင်ကြည်၊ PT Power Trading Co., Ltd ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ Thilawa Special Economic Zone Management Committee မန်နေဂျင်း ဒါရိုက်တာ ဦးဆက်အောင် ကိုယ်စား အတွင်းရေးမှူး ဒေါက်တာရွှေဟိန်း၊ Jing Hpaw Aung Jade & Jewellery Co., Ltd မန်နေဂျင်း ဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်းနှင့် Myanmar Awba Group ဥက္ကဋ္ဌ ဦးသတိုးဟိန်း တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ကုန်သွယ် လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့ကြသူများ ဖြစ်ကြသည့် Dagon Beverages Co., Ltd အုပ်ချုပ်မှု ဒါရိုက်တာ ဦးလှမင်းတူ၊ Myawaddy Trading Ltd မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်စိုး ကိုယ်စား ဒါရိုက်တာ ဦးအောင်ကြည်၊ Denko Trading Co., Ltd ဒါရိုက်တာ ဦးဝဏ္ဏခိုင်၊ PT Power Trading Co., Ltd ဥက္ကဋ္ဌ ဦးအောင်ရွှေ ကိုယ်စား မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းဆွေ၊ Shwe Byain Phyu Co., Ltd မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းဝင်းဇော်၊ International Beverages Trading Co., Ltd မန်နေဂျင်းဒါရိုက်တာ ဦးအောင်မိုးကျော်၊ Asia Energy Co., Ltd မန်နေဂျင်းဒါရိုက်တာ ဦးသက်ဝေ၊ Royal Myawaddy Distillery Group မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဝင်း၊ City Mart Holding Co., Ltd မန်နေဂျင်းဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်နှင့် Regency Material Trading Co., Ltd မန်နေဂျင်း ဒါရိုက်တာ ဦးကျော်သာဦး ကိုယ်စား ဒါရိုက်တာ ဦးကျော်မြင့်ဦးတို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် သည်။
ယနေ့အခမ်းအနားတွင် ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်အများ ဆုံး ပေးဆောင်ခဲ့သူ ၁၀ ဦးနှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သူ ၁၀ ဦး တို့အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်းသိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေ၊ ဦးကျော်ဝင်း၊ ဒုတိယ၀န်ကြီး ဦးမင်းသူတို့သည် ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ် အတွက် ၀င်ငွေခွန် အများဆုံး ပေးဆောင်ခဲ့သူများနှင့် လည်းကောင်း၊ ကုန်သွယ် လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သူများနှင့် လည်းကောင်း စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယနေ့ကျင်းပသည့် ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

1 comment:

  1. According prophecy of Vanga in 2040 will be Doomsday.
    first reason of Doomsday is chipping
    Let`s together prevent Doomsday
    https://haarppetition.blogspot.com/2017/09/lets-together-prevent-doomsday.html

    Eva

    in all russian medicines -chips
    https://haarppetition.blogspot.com/2017/03/in-all-russian-medicines-chips.html


    on 2017-2018 planned chipping inside
    https://haarppetition.blogspot.com/2017/01/on-2017-planned-chipping-inside.html
    About biometric passports and a laser chip on a forehead
    https://haarppetition.blogspot.com/2014/01/about-biometric-passports-and-laser.html

    ReplyDelete