နေပြည်တော် ဖေဖော်ဝါရီ ၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဆက်စပ်ဒေသများ
ဖွံ့ဖြိုးရေး ၊ အိမ်ရာစီမံကိန်း လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်
ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေး အတွက် ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ဧရာဝဏ် ၊ ရတနာမြို့ပြဖွံ့ဖြိုးရေး
စီမံကိန်းအပိုင်း(၁) ၊ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ စီမံကိန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
စီမံကိန်းရှင်းလင်းဆောင်တွင်
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ရန်ကုန်တိုင်းဒေသကြီးအတွင်း
ဆောင်ရွက်လျက် ရှိသော အိမ်ရာစီမံကိန်း လုပ်ငန်းများနှင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့်
လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များ
မှာကြားပြီး အိမ်ရာစီမံကိန်းအတွင်းရှိ ပန်းခြံ ၊ ကစားကွင်းနှင့် အဆောက်အအုံ(၁၇) လွှာရှိ
နမူနာ အခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
နေ့လည်ပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်
၊ ယုဇနဥယျာဉ်မြို့တော်အတွင်း မြို့ပြနှင့်အိမ်ရာ
ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်သော ယုဇန တန်ဖိုးနည်းအိမ်ရာ စီမံကိန်း အပိုင်း(၁)
ရှိ (၆)ခန်းတွဲ (၄) ထပ် နှင့် (၈)ခန်းတွဲ (၄)ထပ်
တည်ဆောက်ပြီးစီးမှုနှင့် အိမ်ရာ အခန်းများတွင် နေထိုင်သူများအား ရင်းရင်းနှီးနှီး
နှုတ်ဆက် အားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ စီမံကွက်ကဲမှုဖြင့်
ရွှေတောင်လုပ်ငန်းစုမှ တာဝန်ယူဆောင်ရွက် လျက်ရှိသော Precast Box Construction စီမံကိန်းသို့
ရောက်ရှိပြီး တာဝန်ရှိသူများမှ စီမံကိန်း ဆောင်ရွက်မှုဆိုင်ရာ ရှင်းလင်း တင်ပြမှုများအား
ကြည့်ရှု့စစ်ဆေး ခဲ့ပါသည်။
အဆိုပါ စီမံကိန်းသည် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်
၊ ယုဇနအိမ်ယာ (အပိုင်း ၃) တွင် တည်ရှိပြီး စင်ကာပူ နိုင်ငံမှ Precast ဆောက်လုပ်ရေး
ကုမ္ပဏီတစ်ခုဖြစ်သည့် Robin Village
International Pte Co.,Ltd ၏ Precast Box Construction နည်းပညာဖြင့် High Tech
Precast Co.,Ltd / Shwe Taung Development Co.,Ltd မှ လူနေအိမ်ခန်း များ တည်ဆောက်နေသော စီမံကိန်းတစ်ခုဖြစ်သည်။
ယခုစီမံကိန်းသည် မြန်မနိုင်ငံတွင်
Precast Box Construction နည်းပညာဖြင့် ပထမဆုံး အကောင် အထည်ဖော် တည်ဆောက်သောစီမံကိန်းဖြစ်သည်။
၎င်း Precast Box Construction နည်းပညာသည် သမရိုးကျတည်ဆောက်ရေး နည်းပညာဖြင့်ပိုမို ဆောက်လုပ်ရေး
လုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ် သက်သာမှုရှိခြင်း၊ တည်ဆောက်မှု အချိန်ကာလ လျော့ချနိုင်ခြင်း၊
အဆောက်အဦကြံ့ခိုင်မှုအား ပိုမိုကောင်းမွန်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည်။
ယခုတည်ဆောက်လုပ်လျက်ရှိသော
Precast Box Construction စီမံကိန်းတွင် စုစုပေါင်း အခန်း အရေအတွက် (၆၀) ရှိသော (၅)
ထပ်အဆောက်အဦ တစ်လုံးပါရှိပြီး (၁) ထပ် လျင်စတုရန်းပေ (၄၀၀) ရှိသော အိမ်ခန်းပေါင်း
(၁၂) ခန်းပါရှိသည်။
နိုင်ငံတကာ ဆောက်လုပ်ရေး
စံချိန်စံညွှန်းများနှင့်အညီ ရေရှည်တည်တံ့သော လူမှုပတ်ဝန်းကျင်အား ထိခိုက်မှုနည်းသော ၊
လွယ်ကူသက်သာမှုရှိသော Precast Box Construction နည်းပညာအား စင်္ကာပူ ၊ မလေးရှား ၊ တရုတ်အစရှိသည့်
နိုင်ငံများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုတည်ဆောက်လျက် ရှိသည်။ ယခုအခါ ခေတ်မီကောင်းမွန်သော
မြို့ပြဖြစ်ပေါ်ရေး တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆိုပါ နည်းပညာ အား အသုံးပြုတည်ဆောက်ရန်
မိတ်ဆက်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Precast Box Construction စီမံကိန်းဖြစ်ကြောင်း
သိရှိရသည်။
(သတင်းစဉ်)

No comments:
Post a Comment