နေပြည်တော် ဇန်နဝါရီ ၂၃
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင်ကျင်းပပြီး မေးခွန်း ၆ ခုမေးမြန်းဖြေကြားခြင်းနှင့်
ဥပဒေကြမ်း (၁)ခုတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ
ဦးမြစိန်၏ တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီးမဟုတ်သော
အချို့သော ဘီလစ်စာရေးများ၊ ရှေ့ဖတ် စာရေးများ၊ ရုံးအကူများမှာ အနေကြာသူဝန်ထမ်းများဖြစ်၍
သင့်တင့်သောအချိုးဖြင့် အသုတ်လိုက်ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေရန် အစီအစဉ် ရှိ၊ မရှိ
မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က
အဆင့်ဆင့်သော တရားရုံးများတွင် ဝန်ထမ်းအိမ်ရာများမရှိသည့် အတွက် ရန်ကုန်တိုင်း ဒေသကြီးနှင့်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများကို ပြောင်းရွှေ့ရာတွင် အခက်အခဲ ရှိမည် မဟုတ်သော်လည်း
အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား အခြားမြို့နယ်ရှိ တရားရုံးများသို့
ပြောင်းရွှေ့တာဝန်ထမ်း ဆောင်စေပါက ၎င်းတို့နေထိုင်ရေးအတွက် အခက်အခဲများဖြစ်ပေါ်စေမည်ဖြစ်သည့်
အတွက် တရားရုံးအဆင့်ဆင့်ရှိ အနေကြာဝန်ထမ်းများအား သင့်တင့်သောအချိုးဖြင့် အသုတ်လိုက်
ပြောင်းရွှေ့တာဝန်ထမ်းဆောင် စေရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။
မင်းဘူးမဲဆန္ဒနယ်မှ
ဦးဝင်းဝင်း၏ မင်းဘူး(စကု)မြို့နယ်အတွင်း ဖြတ်သန်း
ဖောက်လုပ်ခဲ့သော ပခုက္ကူ-ကြံခင်းရထားလမ်း အပိုင်းနှင့် မင်းဘူးမှအမ်းသို့ ဖောက် လုပ်မည်ဟုဆိုကာ
မြေပေါင်များဖို့ထား၍ နစ်နာခဲ့သော တောင်သူများအား မည် သည့်အချိန်တွင် မည်သည့်နှုန်းထားများဖြင့်
တွက်ချက်၍ ပေးလျော်သွားမည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်
အတွင်း ပါဝင်သွားသော သိမ်းဆည်းမြေ ၂၂၉၂ ဒသမ
၁၆ ဧကအတွက် လျော်ကြေးငွေကျပ် ၃၂၄၀ ဒသမ ၂၅ သန်းကို ကာယကံရှင်များထံ ပေးချေပြီးဖြစ်ပါကြောင်း၊
ပေးချေလျက်ရှိရာတွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၅) စုအတွက် မြေယာလျော်ကြေးပေးချေရန်
ကျန်ရှိနေပြီး ၎င်းကျေးရွာများအတွက် လျော်ကြေးငွေများကို မကွေးတိုင်း ဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
အတည်ပြုချက်ရရှိပါက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နီးစပ်ရာဘဏ္ဍာရေးနှစ်တွင်
ဘဏ္ဍာငွေတင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက ပေးလျော်သွားမည် ဖြစ်ပါ ကြောင်း။
မင်းဘူး-အမ်း ရထားလမ်းဖောက်လုပ်ရာတွင်
မင်းဘူး(စကု)မြို့နယ် ကျေးရွာ အုပ်စု(၅)စုအတွင်း ပါဝင်သွားသောမြေများကို တိုင်းတာစိစစ်ပြီးဖြစ်၍
မင်းဘူးမြို့ နယ် ကန်ရေကျေးရွာအုပ်စုရှိ မြေ ၃၁ ဒသမ ၆၆ ဧကအတွက် မကွေးတိုင်း ဒေသကြီး
လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ အတည်ပြုချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍ ရေးနှစ်တွင် လျော်ကြေးငွေကျပ် ၇၂ ဒသမ ၉၃၃ သန်းပေးချေပြီးဖြစ်ပါကြောင်း၊
လျော်ကြေးပေးချေရန်ကျန်ရှိသော ကျေးရွာအုပ်စု(၄)စုအား မြေတိုင်းတာစိစစ်ပြီး ဖြစ်၍ သိမ်းဆည်းမြေများအတွက်
လျော်ကြေးတန်ဖိုးကို မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
အတည်ပြုချက် ရရှိပါက ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနအနေဖြင့် နီးစပ်ရာဘဏ္ဍာရေးနှစ်တွင်
ဘဏ္ဍာငွေတင်ပြတောင်းခံ သွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက
ပေးလျော်သွားမည်ဖြစ်ပါကြောင်း။
သိမ်းဆည်းမြေများနှင့်ပတ်သက်၍ တောင်သူတစ်ဦးချင်းစီ၏ သိမ်းဆည်းမြေ ဧကကို မြေအမျိုးအစားလိုက်
လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ စိစစ်အတည်ပြုပြီး မြေလျော်ကြေး၊
နစ်နာကြေး (၁)ဧကဈေးနှုန်းဖြင့်တွက်ချက်မှုပုံစံ (၁၂)ကို မြို့နယ်မှတွက်ချက်အတည်ပြု၍
၎င်းမှတစ်ဆင့် သက်ဆိုင်ရာခရိုင်နှင့် တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏အတည်ပြုချက်ရရှိရေးအတွက်
အဆင့်ဆင့် တင်ပြဆောင်ရွက်ရပြီး လျော်ကြေးတန်ဖိုး အတည်ပြုချက်ရရှိမှသာ ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာနက နီးစပ်ရာဘဏ္ဍာရေးနှစ်တွင်
နိုင်ငံတော်သို့ ဘဏ္ဍာငွေ တင်ပြတောင်ခံပြီး ခွင့်ပြုချက်ရရှိပါက လျော်ကြေးပေးချေခြင်းများ
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဆီဆိုင်မဲဆန္ဒနယ်မှ
ဦးခွန်သန်းထူး၏ ဆီဆိုင်မြို့နယ်၏ အရှေ့ခြမ်း
တစ် လျှောက်နှင့် မောက်မယ်မြို့နယ်အနောက်ခြမ်း ဆက်စပ်နေထိုင်ကြသော ဒေသခံ တိုင်းရင်းသားကျေးလက်ပြည်သူများသည်
မြို့နေပြည်သူများကဲ့သို့ Mobile ဖုန်းများ အသုံးပြုနိုင်ရန် လိုအပ်သောနေရာများတွင်
MPT တာဝါတိုင်တိုးချဲ့ တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပအိုဝ်းကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၏ အရှေ့ဘက်ခြမ်းတစ်လျှောက်နှင့် မောက်မယ်မြို့နယ်
အနောက်ဘက်ခြမ်း ဆက်စပ် လျက်ရှိသော နေရာများတွင် တာဝါတိုင်များနှင့်မိုဘိုင်း ဆက်သွယ်ရေးစခန်းများ
တိုးချဲ့တည်ဆောက်ပေးရန် လောလော ဆယ်တွင် အစီအစဉ် မရှိသေးပါကြောင်း၊ ဆက်သွယ်ရေးအော်ပရေတာများမှ
ထည့်ဝင်ငွေဖြင့် အခြေခံ ဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာရန်ပုံငွေကို တည်ထောင်သည့်
အချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဦးစားပေး အဆင့်လိုက် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ထို့ပြင် မိုင်းပန်မဲဆန္ဒနယ်မှ
ဦးစိုင်းကျော်မိုး၏ မိုင်းပန်မြို့နယ်အတွင်း
နားမွန် ကျေးရွာအုပ်စုနှင့် ဝိုးလိုင်းကျေးရွာအုပ်စုတို့တွင် မိုဘိုင်းဖုန်းဆက်သွယ်ရေးရရှိ
စေရန်အတွက် မိုဘိုင်းဖုန်းဆက်သွယ်ရေးတာဝါတိုင် (သို့) အခြားတာဝါတိုင်များ တပ်ဆင်ပေးနိုင်ခြင်း
ရှိ၊ မရှိ မေးခွန်း၊ မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစဲကီကော်၏ မိုင်းခတ် မြို့နယ် ဝေးလံခေါင်သီအရပ်ဒေသများ ဖြစ်သော မိုင်းညှင်းဒေသရှိ မိုင်းညှင်း၊ ဟုတ်ပုံ၊ ဝမ်ပင်း၊ ဝမ်အွမ်နှင့် ပါပွန်းကျေးရွာအုပ်စု
အနောက်ဘက်ခြမ်းတွင် မြန်မာ့ဆက်သွယ်ရေး (MPT-GSM) လက်ကိုင်ဖုန်းများ အသုံးပြုခွင့်ရရှိရန်
ဆောင်ရွက်ပေးမည့် အစီအစဉ်များကို သိလိုကြောင်း မေးခွန်းနှင့် မြောင်းမြမဲဆန္ဒနယ်မှ
ဒေါက်တာ ဦးစိုးမိုးသူ၏ မြောင်းမြမြို့နယ်တွင်
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (က.ည.န) ခရိုင်ရုံးအသစ် ပြန်လည်ဖွင့်လှစ်ပေးရန်
အစီအစဉ်ရှိ၊ မရှိ မေးခွန်း တို့ကိုလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်
တရားသူကြီး ဦးမြင့်အောင်က “အမျိုးဇာတ်ပျက်ယွင်းခြင်းမှဖယ်ရှားသည့်
အက်ဥပဒေ (The Caste Disabilities Removal Act)ကို ပြင်ဆင်သည့်ဥပဒေကြမ်း”ကို လွှတ်တော်သို့တင်သွင်းပြီး
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ကော်မတီ၏စိစစ် တွေ့ရှိမှု
အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
တရားသူကြီး ဦးမြင့်အောင်က
အဆိုပါပြင်ဆင်သည့် ဥပဒေကြမ်းအား တင်သွင်းရာတွင် အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေကို ၁၈၅၀ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယင်းဥပဒေသည်
တည်ဆဲဥပဒေတစ်ရပ်ဖြစ်ပြီး ယခု ထိ အသုံးပြုဆဲဥပဒေဖြစ်ပါကြောင်း၊ သို့သော်လည်း ဥပဒေ၏နိဒါန်းတွင်
ဘင်္ဂလား ဥပဒေ ၁၈၃၂ ခုနှစ် နည်းဥပဒေ အမှတ် ၇၊ ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် မူသဘောကို
ကျယ်ပြန့်အောင်ဆောင်ရွက်ခြင်းအားဖြင့် အကျိုးဖြစ်ထွန်းစေမည်ကို ထောက်၍ ဥပဒေအဖြစ်ပြဋ္ဌာန်းကြောင်း
ကနဦးဖော်ပြချက်များပါရှိနေရာ ယင်းဖော်ပြ ချက်များသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်ခြင်းမရှိသည့်အတွက်လည်းကောင်း၊
ဖော်ပြရန်မသင့်လျော်သည့် အတွက်လည်းကောင်း ယင်းကနဦးဖော်ပြချက် နိဒါန်းကို ခေတ်နှင့်အညီလျော်ညီစေရန်
အစားထိုးပြင်ဆင်ရန်လို အပ်သည့်အတွက် ပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း တင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက
ယင်းပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလို သည့် လွှတ်တော်ကိုယ်စားလှယ်များ
အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ကျော်သူထက်၊ မွှေးကြူဇင်

No comments:
Post a Comment