ဘားအံ ဇန်န၀ါရီ ၂၄
ကရင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါး
ကြီးကြပ်ကွပ်ကဲရေးကော်မတီမှဦးစီး၍ တရားမဝင်ဆေးဝါးများ သက်တမ်းလွန် ဆေးဝါးများနှင့်
တားမြစ်အလှကုန်များ ဖျက်ဆီးခြင်းကို ဇန်နဝါရီလ (၂၃) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ဘားအံမြို့
ထန်းကိုးပင် သုဿာန်ကွင်းပြင်တွင် ပြုလုပ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်၊ ကရင်ပြည်နယ်
အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ကရင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါး
ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန (ဆေးဝါးဌာန) မှ ဦးစီးအရာရှိ ဒေါ်မေသူနွယ်က ပြောကြားရာတွင်
ဆေးဝါးအစားအသောက်တွေကို ဈေးကွက်အတွက် မှတ်ပုံတင်ခြင်းလုပ်ငန်းများ လုပ်ကိုင်သည့်အပြင်
ဈေးကွက် အတွင်းရောက်လာတဲ့ ဆေးဝါးအစားအသောက်တွေကို အရည်အသွေးစစ်ဆေးပါတယ် အရည်အသွေးကျသွားတဲ့
ဆေးဝါးကုမ္ပဏီ တွေကို အကြောင်းကြားစာထုတ်ရပါတယ်၊ ယခုဖျက်ဆီးတာဆိုရင် ကရင်ပြည်နယ်အတွင်း
တရားမဝင်ဆေးဝါး၊ သက်တမ်းလွန် ဆေးဝါး၊ စပ်ဆေး၊
ဆေးဝါးအတု၊ အလှကုန် ဆေးဆိုင်များမှ သက်တမ်းလွန်ဆေးများ
တာဝန်သိစွာ လာရောက်အပ်နှံသည့် သက်တမ်းလွန်ဆေးဝါးများကို ပြည်သူများသုံးစွဲမိခြင်းဖြင့်
အန္တရာယ်မရှိဖို့ ဖျက်ဆီးခြင်းဖြစ်ပါတယ်၊ စပ်ဆေးရောင်းချသည့်ဆိုင်တွေ ကိုတော့ လိုင်စင် (၃) လပိတ်သိမ်းအရေးယူ
ဆောင်ရွက်ပါတယ် ဟုပြောပါတယ်။
ကရင်ပြည်နယ်အတွင်း
မြို့နယ် (၇) မြို့နယ်မှ ၂၀၁၆ခုနှစ်/၂၀၁၇ ခုနှစ်များတွင် သိမ်းဆည်းရရှိမှုအရ တရားမဝင် ဆေးဝါး (၄၀၁) မျိုး သက်တမ်းလွန်ဆေးဝါး (၃၉၃)
မျိုး၊ စပ်ဆေး (၃၈) မျိုး ဆေးဝါးအတု (၁) မျိုး၊
အလှကုန် (၄၄) မျိုးနှင့် ဆေးဆိုင်းများမှ သက်တမ်းလွန်ဆေးများ
တာဝန်သိစွာ လာရောက်အပ်နှံသည့် သက်တမ်းလွန်ဆေးဝါး (၇၇) မျိုး စုစုပေါင်း တန်ဖိုးငွေ
ကျပ် (၈၈) သိန်းကျော်ဖိုးအား လမ်းကြိတ်စက်ဖြင့်ဖျက်ဆီးကာ မြေမြုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)
No comments:
Post a Comment