Sunday, January 28, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများအကောင်အထည်ဖော်မှု ပူးပေါင်းဆောင်ရွက်




နေပြည်တော် ဇန်န၀ါရီ ၂၈
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် လူမှုကူညီရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏ လုပ်ငန်းတစ်ခုဖြစ်သော အထူးစောင့်ရှောက်မှု လိုအပ်သော ကလေးငယ် များအတွက် နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ နှစ်ပတ်လည်နေ့ အခမ်းအနားကိုယနေ့ နံနက်ပိုင်းက အသင်း ၏ ပညာဒါနကျောင်းဆောင်တွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက တစ်နှစ်တာအတွင်းပူးပေါင်းပါဝင်သူများနှင့် အလှူရှင်များကို ဂုဏ်ပြု လက်ဆောင် နှင့် မှတ်တမ်းလွှာများပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာ ကော်မတီဥက္ကဌဒေါက်တာ ယုယုမေနှင့် အဖွဲ့ဝင် များ၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ နာယကများ၊ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်များနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့၊ နားမကြားသောကလေးများ ကျောင်းတွင် ပြုလုပ်သည့် ဂျပန်နိုင်ငံ Kyoshin ကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr. SadaakiTachiki က လှူဒါန်းသည့် အလှူငွေ ပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားရာ ယခုကဲ့သို့ မန္တလေးနား မကြားသောကလေးများ ကျောင်းသို့ အကြိမ်(၂၀)မြောက် စဉ်ဆက်မပြတ်လှူဒါန်းမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ မသန်စွမ်း သူများအခွင့်အရေးနှင့် ပတ်သက်ပြီးအစိုးရကလည်း အလေး ထားဆောင်ရွက်နေပါကြောင်း၊ မသန်စွမ်း သူများအနေဖြင့် လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်နေ ထိုင်နိုင်ဖို့ ဥပဒေ၊ နည်းဥပဒေများရှိနေပြီး ၄င်းတို့နှင့်သက်ဆိုင်သည့် သီးခြားရန်ပုံ ငွေတစ်ရပ် ထူထောင်နိုင်ရန်ကိုလည်း ပြဌာန်းပေးပြီးဖြစ်ပါကြောင်း၊ အသက်အရွယ်အလိုက် လေ့ကျင့် သင်ကြားမှုနှင့် ဆက်သွယ်မှုလိုအပ်ချက်များအတွက် လက်သင်္ကေတပြ ဘာသာစကားနှင့် အခြား သက်မွေး ဝမ်းကျောင်းပညာရပ်များကိုလည်း သင်ကြားပေးလျက်ရှိပါကြောင်း၊ ၄င်းတို့၏ အား ထုတ်ကြိုးပမ်းမှုများကို လူမှုအသိုက်အဝန်းတစ်ရပ်လုံးကလည်း ပါဝင်ကူညီပေးကြစေ လိုကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် Kyoshin ကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr. SadaakiTachiki က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်း တင်ပြပြီးအလှူငွေ အမေရိကန်ဒေါ်လာ (၁၀၀၀၀) ကိုပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီးက လက်ခံ ရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။ ထို့နောက် မန္တလေး တိုင်း ဒေသကြီးအမျိုး သမီးရေးရာ ကော်မတီဥက္ကဌ ဒေါက်တာ ဒေါ်ယုယုမေနှင့် အဖွဲ့က အလှူငွေ ကျပ် (၁၀၅၀၀၀)ကို ပေးအပ် လှူဒါန်းခဲ့ပြီး ကျောင်းဝင်း အတွင်း လေ့ကျင့်သင်ကြား လျက်ရှိသော လက်သင်္ကေတ ပြဘာသာစကား စာအုပ် ထုတ်လုပ်ရန်ပြင်ဆင် နေမှုနှင့် ကွန်ပျူတာ သင်တန်း လေ့ကျင့်သင်ကြားနေမှုများကို လှည့်လည် ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာ(၅) ရွာတွင် မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းခြင်း၊ အသိပညာပေးခြင်း နှင့်  ထောက်ပံ့ငွေ ပေးအပ်ခြင်းတို့ကို မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ရုံးတွင် ကျင်းပခဲ့ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment