Thursday, December 21, 2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် တရုတ်လူမှုရေး သိပ္ပံအကယ်ဒမီ (CASS) ဥက္ကဋ္ဌ H.E. Mr. Wang Weiguang နှင့်အဖွဲ့၊ UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဒီဇင်ဘာ ၂၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် တရုတ်လူမှုရေး သိပ္ပံအကယ်ဒမီ (CASS) ဥက္ကဋ္ဌ H.E. Mr. Wang Weiguang နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် (၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်၏ အောင်မြင်မှုများ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ သမိုင်းတစ်လျှောက် နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ပြီး အပြန်အလှန် အားပေးကူညီထောက်ခံမှုများ နှင့်‌ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။
အလားတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. June Kunugi နှင့်အဖွဲ့အား မွန်းလွဲ ၂ နာရီတွင် ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် UNICEFအနေဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အာဟာရ၊ ရေနှင့် သန့်ရှင်းရေး၊ ကလေးသူငယ်များ ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment