နေပြည်တော် ဒီဇင်ဘာ ၂၄
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့ နံနက်(၁၀) နာရီခွဲတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊
ဆာဖာရီဥယျာဉ်ဝင်းအတွင်းရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြတိုက်ရှိပြခန်းဆောင်များသို့
သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည်
သစ်တောဦးစီးဌာနပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနပြခန်း၊ မြေတိုင်းဦးစီးဌာနပြခန်း၊
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနပြခန်း၊ မြန်မာ့သစ်လုပ်ငန်းပြခန်းနှင့် သဘာဝဝန်းကျင်နှင့်
သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနခွဲပြခန်းများ အားကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား
လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment