Wednesday, October 4, 2017

ဝန်းသိုမြို့ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ငါးရာငါးဆယ်ဇာတ်နိပါတ်တော်ပန်းချီးပြပွဲ ပြသမည်





အင်းတော် အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ငါးရာငါးဆယ်ဇာတ်နိပါတ်တော်ပန်းချီ ပြပွဲနှင့် မီးပုံးပျံလွှတ်ပွဲတော်များ ကျင်းပကာ ယခင်နှစ်များနှင့်မတူ ထူးခြားသော အစီအစဉ်များဖြင့် စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငါးရာငါးဆယ်ဇာတ်နိပါတ်တော် ဗုဒ္ဓဝင်ပန်းချီပြပွဲကြီးကို မှန်ကျောင်းဘုန်းတော်ကြီးကျောင်းမှမြို့နယ် ပြည်သူ့ဆေးရုံဝင်းရှေ့ထိ လမ်းဘေးဝဲယာတို့တွင်ပြသ၍ LED မီးများဖြင့်လှပစွာ မီးထွန်းပွဲတော်ပြုလုပ်သွားမည် ဖြစ်ပြီး မီးပုံးပျံလွှတ်ပွဲတော်ကိုလည်း (..က) စာသင်ကျောင်းရှေ့ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (အင်းတော်)

No comments:

Post a Comment