Wednesday, October 25, 2017

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးအဆင့် အစည်း အဝေး နှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ


နေပြည်တော် အောက်တိုဘာ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်စပ်ဒေသလုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေး၊ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးအဆင့် အစည်း အဝေးကို အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ ကြီးများ အစည်းဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးတွင်  ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဗိုလ်ချုပ်မိုးမြင့်ထွန်း၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် အောင်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Asaduzzaman Khan၊ အမြဲတမ်းအတွင်းဝန်များ၊ ရဲချုပ်၊ နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ စုစုပေါင်း ၄၅ ဦး တက်ရောက်ကြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နယ်စပ်ဆက်ဆံရေးရုံးများထူထောင်ဖွင့်လှစ် ခြင်း၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနှင့် လူဝင်/လူထွက်မှုများစိစစ်ခြင်းနှင့်နိုင်ငံသားစိစစ်လက်ခံမှုများ၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးစသည့်ကဏ္ဍတို့တွင် အဆင့်လိုက် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာဘက်မှ ရောက်ရှိနေသူများအား  နိုင်ငံသားစိစစ်မှုများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်း နှင့်အညီ စနစ်တကျ ပြန်လည်လက်ခံနိုင်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန အကြား ပူးပေါင်းဆောင်ရွက်ရန်သဘောတူညီချက် ၁၀ ချက်ကို အတည်ပြုခဲ့ကြောင်း သိရှိရ သည်။
ဝန်ကြီးအဆင့် အစည်းအဝေးအပြီးတွင် လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန၊ အတွင်းဝန် Mr. Mostafa Kamal Uddin တို့ကလည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆက်ဆံရေးရုံး များ(Border Liaison Offices) ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို  ပြည်ထဲရေး ဝန်ကြီးဌာနကိုယ်စား မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ်၊ ရဲမှူးချုပ် မျိုးဆွေဝင်းနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ကိုယ်စား နယ်ခြား စောင့်ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ Major General Abul Hassain တို့ကလည်း ကောင်း  လက်မှတ် ရေးထိုးခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်) 

No comments:

Post a Comment