Tuesday, August 8, 2017

စေတုတ္တရာမြို့နယ်ရှိ မုန်းတမံအတွင်း ငါးသားပေါက်ကောင်ရေ(၃)သိန်း စိုက်ထည့်



စေတုတ္တရာ      သြဂုတ်      
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတ ပေါကြွယ်စေရေးနှင့် ငါးစားသုံးမှု ဖူလုံစေရေးအတွက် မုန်းတမံအတွင်း ငါးမြစ်ချင်း(၂)သိန်း၊ ရွှေဝါငါးကြင်း (၅)သောင်း၊ တီလားဗီးယား(၅)သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃)သိန်း စိုက်ထည့်ခြင်း အခမ်းအနားကို သြဂုတ်လ (၈)ရက်နေ့ နံနက် (၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဒေါ်ညိုညိုဦး၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်ဝင်နှင့် ဌာနဆိုင်ရာများ၊ သရန်းကိုင်း ကျေးရွာမှ ဆရာ/မ၊ ကျောင်းသား/သူများ တက်ရောက်၍ ငါးမျိုးများ စိုက်ထည့်ခဲ့ကြောင်း သိရသည်။
ဖိုးပြည့်(မင်းဘူး)

No comments:

Post a Comment