Saturday, July 22, 2017

WY စာတမ်းပါစိတ်ကြွဆေးပြား ၇၈၀၀၀ ပြား ဖမ်းဆီးရမိ


ဇူလိုင် ၂၁၊၂၀၁၇
ဇူလိုင် ၂၀ ရက် ညပိုင်းက ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ မောင်းနှင်လာသည့် ဟိုင်းလတ်ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များထံမှ WY စာတမ်းပါစိတ်ကြွဆေးပြား ၇၈၀၀၀ ပြား ဖမ်းဆီးရမိခဲ့ သည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် ၃ မိုင်စစ်ဆေးရေးဂိတ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၀ ရက် ည ၈ နာရီ မိနစ် ၄၀ တွင် ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ မောင်းနှင်လာသည့် ဟိုင်းလတ်ယာဉ်အား စစ်ဆေးခဲ့သည်။
ကားပေါ်ပါ ခရီးသည် ၆ ဦးကို ရှာဖွေစစ်ဆေးရာ မောင်တောမြို့နယ်၊ မြို့မအရှေ့ ၄ ရပ်ကွက်နေ နောရ်ဒေါ်လာလ် ၂၃ နှစ် နှင့် စိုးနိုင် ၃၂ နှစ်တို့ ၂ ဦးနှင့်အတူပါလာသည့် ပီနံအိတ်အတွင်းမှ ငွေကျပ် သိန်း ၁၅၆၀ တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွဆေးပြား ၇၈၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူ ၂ ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

No comments:

Post a Comment