Tuesday, July 18, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ



နေပြည်တော် ဇူလိုင် ၁၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဗျူရို၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး သံအမတ်ကြီး မစ္စတာ ဂျိုးဇက်ဝိုင်၊ ယွန်း အား ယနေ့မွန်းလွဲ ၂ နာရီတွင် ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဧည့်သည်တော် ၀န်ကြီးနှင့် အဖွဲ့ဝင်များက ကိုရီးယား ကျွန်းဆွယ် အရေး၊ အာရှပစိဖိတ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ကြွယ်ဝ ချမ်းသာရေး၊ အမေရိကန် - မြန်မာ စစ်ဘက် ဆက်ဆံရေး ပိုမိုမြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကိုရီးယားကျွန်းဆွယ်အား နျူကလီးယား ကင်းမဲ့ဇုံ ဖြစ်စေလိုကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း လက်နက်ကိုင် ပဋိပက္ခများရှိနေ၍ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်နေကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ တပ်မတော်များနှင့်လည်း ချစ်ကြည် ရင်းနှီးလိုပါကြောင်း ပြန်လည် ဆွေးနွေးသည်။
(သတင်းစဉ်)

No comments:

Post a Comment