Thursday, July 13, 2017

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီဇာခါပတ်တနမ်မြို့ရှိ အိန္ဒိယအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှု ဌာနချုပ်၌ ကြည့်ရှု လေ့လာ

 
နေပြည်တော် ဇူလိုင် ၁၂
 
အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ Admiral Sunil Lanba ၏ ဖိတ်ကြားချက် အရ အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက အာမက်ဒါဘတ်မြို့ရှိ တပ်မတော်လေဆိပ် မှ အိန္ဒိယတပ်မတော် အထူးလေယာဉ် ဖြင့် ထွက်ခွာကြပြီး ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် ပူနေးလေဆိပ်သို့ ရောက်ရှိရာ ပူနေးလေဆိပ်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဘွဲ့လွန်ပညာ သင်ကြားရေးအတွက် ရောက်ရှိနေ သော သင်တန်းသား များနှင့် စစ်ဘက် ပညာသင် သင်တန်းသားများအား တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။


ကြိုဆိုနှုတ်ဆက်

ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါလေဆိပ်မှ အိန္ဒိယတပ်မတော် ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာ ကြရာ အာမက်နာဂါးမြို့သို့ ဒေသစံတော် ချိန် နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိ ကြရာ Armoured Corps Centre & School ကျောင်းအုပ်ကြီး Maj. Gen. Neeraj Kapur နှင့် တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။

ယင်းနောက် Armoured Corps Centre & School ရှိ အစည်းအဝေး ခန်းမ၌ ကျောင်းအုပ်ကြီးက ကျောင်း၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံနှင့် သင်တန်း ကျောင်းတွင် သင်ကြားလေ့ကျင့်မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များကို မေးမြန်းသည်။ ထို့နောက် သင်တန်း ကျောင်းရှိ Armament Wing? Automotive Wing နှင့် School of Armour-ed Warfare တို့အား လိုက်လံကြည့်ရှု ကြပြီး သင်တန်းကျောင်း အရာရှိရိပ်သာ ၌ ကျောင်းအုပ်ကြီးက နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် အိန္ဒိယတပ်မတော် ရဟတ်ယာဉ်များ ဖြင့် ပြန်လည်ထွက်ခွာကြရာ ဒေသ စံတော်ချိန် ညနေ ၅ နာရီတွင် ပူနေး လေဆိပ်သို့ရောက်ရှိကြသည်။ ထိုမှ တစ်ဆင့် အိန္ဒိယတပ်မတော် အထူး လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ ညပိုင်းတွင် ဗီဇာခါပတ်တနမ် မြို့ရှိINS Dega ရေတပ်၏ လေတပ်စခန်း သို့ ရောက်ရှိသည်။

ကြည့်ရှုလေ့လာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ဗီဇာခါပတ်တနမ် မြို့ရှိ အိန္ဒိယအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှု ဌာနချုပ်သို့ သွားရောက်ကြည့်ရှုလေ့လာ ကြသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့အား ဌာနချုပ်မှူး Vice Admiral HCS Bisht နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ ပြီး ရေတပ်စခန်းဌာနချုပ်မှူး၏ ရုံးခန်း၌ တွေ့ဆုံဆွေးနွေးကြသည်။

ထို့နောက် မော်တော်ယာဉ်များ ဖြင့် View Pointသို့ သွားရောက်၍ ဗီဇာခါပတ်တနမ်မြို့၏ ဆိပ်ကမ်း သာယာလှပမှုများအား ကြည့်ရှုလေ့လာ ကြပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များအားDOLPHIN'S Cove အရာရှိရိပ်သာ၌ ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ သည်။

တိုက်ခိုက်ရေးရေငုပ်သင်္ဘော

ယင်းနောက် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဘက်စုံသုံး ဖရီးဂိတ်စစ်ရေယာဉ်INS Satpura ၊ အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့၏ ရေပြင်ရှင်းလင်းရေးရေယာဉ်Sindhushastra ၊ တိုက်ခိုက်ရေး ရေငုပ် သင်္ဘော INS Sindhudhwaj တို့အား သွားရောက်ကြည့်ရှုလေ့ လာကြသည်။

ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Submarine Auxiliaries Depart-ment သို့ ရောက်ရှိလေ့လာကြပြီး အရှေ့ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်သို့ သွားရောက်၍ အိန္ဒိယတပ်မတော်ရေ တွင် အသုံးပြုလျက်ရှိသည့် လေယာဉ်၊ ရဟတ်ယာဉ်များကို ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိ သည်။ 

(သတင်းစဉ်)


No comments:

Post a Comment