Friday, June 9, 2017

မြစ်သားမြို့ မူလတောင်သူများအား စွန့်လွှတ်မြေများ ပြန်လည်လွှဲအပ်

မြစ်သား  ဇွန်  
မနလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရွာရှည်ကျေးရွာရှိ မူလပိုင်ရှင် တောင်သူများထံ စွန့်လွှတ်မြေများ ပြန်လည်လွှဲအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဇွန် ၈ ရက်နေ့ လည် ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်က စွန့်လွှတ်မြေနှင့် စပ်လျဉ်းအမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးမင်းအောင်၊ ဒေါ်သင်းမြမြသင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ ဒုတိယရဲမှူး ခင်မောင်အေးတို့က ရွာရှည်ကျေးရွာအုပ်စုအတွင်း ကွင်းအမှတ်( ၄၅၃/ အောင်ဘက်စံကွင်း) ၊ ဦးပိုင်အမှတ်၊ ၉/၁၊၉/၂၊၉/၄၊၁၁ တို့ရှိ မြေဧရိယာ(၃.၈၂)ဧကကို မူလပိုင်ရှင်တောင် သူများဖြစ်သော ဦးချစ်အပါတောင်သူ(၄)ဦးထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ရာ တောင်သူများက လက်ခံရယူပြီး တောင်သူဦးတင်အေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ရဲဝင်းထွန်း(မြစ်သား)

No comments:

Post a Comment