Friday, June 16, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နော်ဝေနိုင်ငံမှ ပြန်လည်ရောက်ရှိ

ရန်ကုန် ဇွန် ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် နော်ဝေနိုင်ငံ အော်စလိုမြို့အနီး Losby Manor တွင် ဇွန် ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် 2017 Edition of the Oslo Forum သို့တက်ရောက်ခဲ့ပြီး ယနေ့နံနက် ၈ နာရီ မိနစ် ၅၀ တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော် ပြန်လည်လိုက်ပါလာသည်။

(သတင်းစဉ်)

No comments:

Post a Comment