Wednesday, May 17, 2017

ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) စတင်မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ


နေပြည်တော် မေ ၁၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး ဌာနခွဲ၊ ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်မှကျင်းပသော ခုခံအားကျဆင်းမှု ကူးစက် ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာ စီမံကိန်း
(၂၀၁၆-၂၀၂၀) စတင်မိတ်ဆက်ခြင်း အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ခုခံအားကျဆင်းမှုကူးစက်ရောဂါ ဆိုင်ရာ အမျိုးသားမဟာဗျူဟာ တတိယ(၅)နှစ်စီမံကိန်းတွင် မဟာဗျူဟာ (၅)ရပ်ပါဝင်ပြီး အဆိုပါ မဟာ ဗျူဟာများကို လက်တွေ့အကောင်အထည် ဖေါ်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အခြေအနေ များနှင့် လိုက်လျောညီထွေစွာ လက်တွေ့အကောင် အထည်ဖေါ် နိုင်ရန် အရေးကြီးကြောင်း၊ ရရှိထားသော အရင်းအမြစ်များကို ဦးစားပေးအဆင့် အလိုက် အကျိုးရှိစွာ အသုံးချ နိုင်ရန်နှင့် ပြည်တွင်းအစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ နှစ်စဉ်အိပ်ခ်ျအိုင်ဗွီဖြစ်ပွားနှုန်း တဖြည်းဖြည်းလျော့နည်းလာသော်လည်း အာရှဒေသနိုင်ငံများ အတွင်း သက်ရောက်မှုတစ်ခုအဖြစ်ရှိနေပါကြောင်း၊ လက်ရှိအခြေအနေတွင် လုပ်ငန်းဆောင်ရွက်ရန် Global Fund အဖွဲ့မှ ရန်ပုံငွေရရှိပြီးနိုင်ငံတော် အစိုးရမှလည်း ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေကို နှစ်စဉ် တိုးမြှင့်ထည့်ဝင်ခဲ့ ကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှုကိုရပ်တန့်စေ၍ ပြန့်ပွားမှုလျော့နည်းကျ ဆင်းစေရန်နှင့် ခုခံအား ကျဆင်းမှုကူးစက်ရောဂါအတွက် ဆေးဝါးလိုအပ်သူအားလုံး လက်လှမ်းမီရရှိနိုင်ရန်တို့ကို ပြည့်မီနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းပြောကြားသည်။
ထို့နောက် UNAIDS မှ Country Director၊ Mr. Eamonn Murphy က မဟာဗျူဟာစီမံကိန်းအသစ်တွင် ရန်ပုံငွေကိုလေလွင့်မှုမရှိစေရန် ထိရောက်သော မဟာဗျူဟာများ ထည့်သွင်းရေးဆွဲထားကြောင်း၊ ရောဂါအသစ်ဖြစ်ပွား မှုကို လျော့နည်းအောင် ကာကွယ်ခြင်းလုပ်ငန်းများကို ထည့်သွင်းရေးဆွဲထားကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိအိပ်ခ်ျအိုင်ဗွီပိုးရှိ ရှင်သန်သူများ၏ (၆၃ဒသမ၇)ရာခိုင်နှုန်းသည် အေအာတီဆေးကုသမှု လုပ်ငန်း များကို လက်လှမ်းမီ ရရှိနေပြီဖြစ်ကြောင်း၊ မိခင်မှကလေးသို့ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်မှုမှ ကာကွယ်ရေး လုပ်ငန်းများ ကိုလည်း ကိုယ်ဝန်ဆောင်မိခင်များ၏ (၇၇) ရာခိုင်နှုန်းက လက်လှမ်းမီရရှိနေပြီ ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာရုံးမှ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဌာန၏ ညွှန်ကြားရေးမှူး Dr. Swarup Kumar Sarkar က ရုပ်သံဖိုင်ဖြင့် ဝမ်းမြောက်စကားပြောကြားသည်။ ဆက်လက်၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေး စီမံချက် မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ် များ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊  မိတ်ဖက်အဖွဲ့ အစည်းများနှင့် အိပ်ခ်ျအိုင်ဗွီပိုးရှိ ရှင်သန် သူများကွန်ယက်တို့၏ ပြခန်းငယ်များအား လှည့်လည်ကြည့်ရှု အားပေးသည်။
(သတင်းစဉ်)

No comments:

Post a Comment