Tuesday, April 4, 2017

မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသသော လူနာများ အဆင်ပြေစေရန် နွေတန်ဖိုးသင့် ညစာများ ရောင်းချပေးလျှက်ရှိ


မိတ္ထီလာ- ဧပြီ ၎
မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသသောလူနာများ အဆင်ပြေစေရန်အတွက် Mr. Lin café မှ နွေတန်ဖိုးသင့် ညစာများ ညနေတိုင်း ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ နွေတန်ဖိုးသင့်ညစာများကို မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီး၌ လာရောက်၍ တက်ရောက်ကုသ လျှက်ရှိသည့် လူနာများ၊ လူနာစောင့်များ စားသောက်ရာတွင် ငွေကုန်ကျမှု သက်သာစေရန်အတွက် Mr.Lin café ပိုင်ရှင် ဦးကျော်ဦး-ဒေါ်ဥမ္မာ မိသားစုတို့မှ ထမင်း တစ်ယောက်စာနှင့် သီးစုံကုလားဟင်း အပါအဝင် အသားဟင်း တစ်မျိုးမျိုးဖြင့် ငွေကျပ် (၅၀၀)ဖြင့် နေ့စဉ် ညနေတိုင်း ရောင်းချပေးလျှက်ရှိပြီး ရေသန့်၊ ရေနွေကြမ်းများကို နေ့စဉ် (၂၄)နာရီ အခမဲ့ ပေးလျှက်ရှိကြောင်း သိရသည်။
၎င်းနွေတန်ဖိုးသင့်ညစာများကို အလှူရှင်များမှ   ညနေစာအတွက် ငွေကျပ် (၁၂၀၀၀၀)ဖြင့် ဒါနပြုလှူဒါန်း ပါက အခမဲ့ ပေးဝေလျှက်ရှိပြီး ငွေကျပ် (၆၀၀၀၀)လှူဒါန်းပါက ငွေကျပ် (၃၀၀)ဖြင့် ၂၀၁၅ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ရောင်းချပေးလျှက်ရှိကြောင်း Mr.Lin café မှ ဦးကျော်ဦးက ပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:

Post a Comment