စစ်တွေ ဧပြီ ၃
ရခိုင်ပြည်နယ်
စစ်တွေမြို့တွင် အမျိုးသားပတ်ဝန်းကျင်းဆိုင်ရာ မဟာဗျူဟာမူဘောင်အကြံပြု အလုပ်ရုံ ဆွေးနွေးပွဲကို
ဧပြီလ (၃) ရက်နေ့ နံနက် (၉) နာရီက စစ်တွေမြို့
Royal Sittwe ဟိုတယ်၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေး နှင့်သစ်တော၊ သတ္တုဝန်ကြီး ဦးကျော်လွင်
၊ Mr. Christopher Carter,UN Senior
Advisor တို့က တက်ရောက်အဖွင့် အမှာစကားပြောကြားပြီး
ရခိုင်ပြည်နယ် ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာန
လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေဇင်က မြန်မာနိုင်ငံရှိ ပတ်ဝန်းကျင်စီမံခန်းခွဲမှု နှင့်စပ်လျဉ်း၍
တင်ပြခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များဆိုင်ရာ မဟာဗျူဟာမူ ဘောင်အကြောင်း
ရှင်းလင်းပြောကြားသည်။ဆက်လက်ပြီး UNDP
အဖွဲ့မှ Mr. Martin Cosier က အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရ မဟာဗျူဟာမူဘောင် အကြောင်းနှင့်
ပတ်သက်၍ အသေစိတ်ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသူများက နယ်ပယ်ခေါင်းစဉ်အလိုက်
အဓိကမူဝါဒ ဦးစားပေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အဖွဲ့လိုက်ဆွေးနွေးခြင်း၊ ပြန်လည်တင်ပြခြင်းများနှင့်
သိရှိလိုသည့်အကြောင်း အရာများ ကို အကြံပြုဆွေး နွေးမေးမြန်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ
အကြံပြု အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေး
နှင့်သစ်တော၊ သတ္တုဝန်ကြီး ဦးကျော်လွင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ရခိုင်ပြည်နယ်
လွှတ်တော်မှ ကိုယ်စားလှယ်တော်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ၊ INGO, NGO များ နှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြောင်း
သတင်းရရှိသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)


No comments:
Post a Comment