စစ်ကိုင်း မတ် ၇
ပြည်သူများ ယာဉ်အန္တရာယ်
ကင်းရှင်းရေးအတွက် စစ်ကိုင်းမြို့ရှိ အချက်အခြာကြသည့်နေရာ များဖြစ်သော မြို့မဈေးကြီး
လမ်းဆုံ၊ အမြန်လမ်းမကြီးပေါ်ရှိ ကျော်ထက်ကွေ့လမ်းဆုံနှင့် အသင်္ခယာ စောယွန်းရုပ်ထုရှိအ၀ိုင်းပတ်
နေရာများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပြည်သူအကျိုးပြု လုပ်ငန်းများ အချိန်ပြည့်
ဆောင်ရွက်နိုင်ရန် ယာဉ်ထိမ်းစောင့်ဂိတ်များ ဆောက်လုပ်ထားလျှက်ရှိသည်။
အဆိုပါ ယာဉ်ထိန်းစောင့်ဂိတ်များသို့
စစ်ကိုင်းမြို့ ၊ ကားကြီးကွင်းနေ ဦးမောင်မောင်ညိုယာဉ်ထိန်း (OC) (ငြိမ်း) မိသားစုတို့က
အလျား(၆)ပေရှိ သံဖရိန်ဖြင့်ပြုလုပ်ထားသည့် နောက်ကျောမှီပါ ခုံတန်းရှည် (၃)လုံးအား မတ်(၇)ရက်
၊ နံနက်(၉)နာရီအချိန်က ထောက်ပံ့လှူဒါန်းပေးခဲ့သည်။
" ယာဉ်ထိန်းစောင့်
ဂိတ်တွေမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ အသုံးပြုနိုင်အောင် ထောက်ပံ့လှူဒါန်း ပေးတာပါ
ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို အချိန်ပြည့်ဆောင်ရွက်နိုင်အောင် မိုးရာသီရောက်ရှိလာတဲ့အခါမှာ
တပ်ဖွဲ့ဝင်တွေ မိုးလုံ၊ လေလုံနဲ့ဆောင်ရွက် နိုင်အောင် အခုလိုထောက်ပံ့လှူဒါန်းပေးတာပါလို"့
အလှူရှင် ဦးမောင်မောင်ညိုကပြောကြားခဲ့သည်။
ခုံတန်းရှည်များ ထောက်ပံ့လှူဒါန်းပွဲသို့
စစ်ကိုင်းမြို့ အမှတ်(၅)ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတိယရဲမှူး ရဲလွင်နှင့်တပ်ဖွဲ့ဝင်များ၊
ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်အားပေးခဲ့ကြကြောင်း
သိရသည်။
ခရိုင် ပြန်/ဆက်

No comments:
Post a Comment