သတင်းဆောင်းပါး
- ခင်ရတနာ
မျက်စိတစ်ဆုံးမြင်တွေ့ရသည့် စာအုပ်ဆိုင်တန်းများကို
ကြည့်ရင်း အသက် ၅နှစ်အရွယ် သမီးငယ်က သဘောကျ နှစ်ခြိုက်သွားသည်။ ကဗျာစာအုပ်လေးများကို
ကိုင်ကြည့်ရင်း အတွင်းမှ သရုပ်ဖော်ပန်းချီများကို သူတွေးခေါ် တတ်သမျှ
အတိုင်းအတာဖြင့်
လိုက်လံတွေးတောရင်း မိခင်ဖြစ်သူအား ကဗျာလေးများ သင်ကြားပေးရန် သူကိုယ်တိုင် တောင်းဆိုနေ
သည်ကို ၂ဝ၁၆ နိုဝင်ဘာလအတွင်းက နေပြည်တော်၌ ကျင်းပခဲ့သည့် ကလေးစာပေ ပွဲတော်တွင် မြင်တွေ့ရသည်။
ထိုသမီးငယ်လေးနည်းတူ များစွာသော မြန်မာနိုင်ငံ၏
အနာဂတ်စွမ်းဆောင်ရှင်လောင်း သမီးငယ်၊ သားငယ်ကလေး များသည် ကလေးစာပေပွဲအတွင်း ပျော်ရွှင်စွာ
လေ့လာမှတ် သားရင်း ရောင်စုံကာတွန်းရုပ်ပုံများကို ငေးကြည့်ရင်း၊ ပုံပြင် ပြောရန် ပြင်ဆင်နေကြသော
ကလေးငယ်အချင်းချင်း အားကျ ရင်း ရင်ခုန်စိတ်လှုပ်ရှားစွာ ပျော်ရွှင်နေကြသည်ကို မြင်တွေ့
ရချိန်တွင် လိုက်ပါပို့ဆောင်ပေးသူ အလွှာလွှာသော မိဘများ မှာ လိမ္မာရေးခြားရှိပြီး သွက်လက်ထက်မြက်သည့်
အနာဂတ် ကြယ်ပွင့်လေးများကိုကြည့်ရင်း ကြည်နူးနေကြသည်မှာ ထင်ရှားသည်။
ကလေးများသည် အနာဂတ်အတွက် လူ့စွမ်းအား အရင်းအမြစ်များဖြစ်ကြသည်။ တိုးတက်လာသော လူနေမှု စနစ်များနှင့်အတူ ကလေးများအတွက် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် လမ်းòန်ဆုံးမမှုအတွက် မိဘများတွင် အချိန်ရှားပါးလာချိန်တွင် ကလေးငယ်များအတွက် ဘဝ နေနည်းထိုင်နည်းများ၊ စိတ်ဓာတ်ရေးရာ မြင့်မားစေမည့် နည်းများ၊ ဉာဏ်ရည်ဉာဏ်စွမ်းနှင့် ဗဟုသုတများကို စာဖတ် ခြင်း အလေ့အထပြုလုပ်ခြင်းဖြင့်သာ ကုစားနိုင်ပေလိမ့်မည်။ သို့သော် အဆင့်ဆင့်ပြောင်းလဲလာသည့် လူမှုဘဝများ၊ ပညာရေးစနစ်များ၊ တိုးတက်လာသည့် နည်းပညာများ ကြောင့် လူမမည်အရွယ်တို့၏ စာဖတ်စွမ်းအားသည်လည်း ကျဆင်းလာခဲ့သည်။ ယင်းအခြေအနေများကို နည်းလမ်း များစွာဖြင့် ကုစားရန် ကြိုးပမ်းနေကြချိန်တွင် ယခုကဲ့သို့ ကလေးစာပေပွဲ တော်များသည် ကလေးတို့အတွက် နတ်ဆေးတစ်ခွက်အလားပင် ဖြစ်သည်။

ကလေးစာပေပွဲတော်
ယခုကဲ့သို့ ကလေးစာပေပွဲတော်များကို အောင်မြင်စွာ
ကျင်းပပေးလျက်ရှိသည့်ဌာနမှာ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး
ဌာနပင်ဖြစ်ပြီး အစိုးရသစ်တက်လာပြီး တစ်နှစ်တာအတွင်း ကလေး စာပေပွဲတော်ကို ၂ဝ၁၆ ခုနှစ်
နိုဝင်ဘာ ၅ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ တွင်
လည်းကောင်း၊ ၂ဝ၁၇ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အတွင်း မ္တလေးမြို့တွင် လည်းကောင်း
စည်ကားသိုက်မြိုက်စွာ ကျင်းပပေးနိုင်ခဲ့သည့်အပြင် တစ်နိုင်ငံလုံးရှိ မြို့နယ်၊ ခရိုင်နှင့်
တိုင်းဒေသကြီးတို့မှ ပြန်/ဆက်ရုံးများက ကြီးမှူးကာ ကလေးများအတွက် ကဗျာ၊ ပုံပြင်ပြိုင်ပွဲများ၊
စာဖတ်ပွဲများ၊ စာပေပွဲတော်များကို ဆက်တိုက်ကြီးမှူးကျင်းပလျက်ရှိကြောင်း သိရသည်။
ကလေးများကို အနာဂတ်၏ သားကောင်း၊ သမီး
ကောင်းရတနာလေးများ ဖြစ်ကြစေရေးအတွက် ကလေး ငယ်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်း
ဆိုင်ရာ အလေးထားကြရာတွင် စိတ်ဓာတ်နှင့် စွမ်းဆောင် ရည်၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် တီထွင်နိုင်မှုစွမ်းအား၊
မျှဝေ ကူညီတတ်သည့် စိတ်ထားနှင့် ဗဟုသုတရရှိစေရေးတို့ အတွက် ကလေးစာပေများ ဖွံ့ဖြိုးလာပြီး
ကလေးများ၏ စာပေချစ်မြတ်နိုးသည့်စိတ်နှင့် စာပေဖတ်ရှုဆည်းပူးမှု ဝါသနာကို ငယ်စဉ်ကတည်းကပင်
ပြုစုပျိုးထောင်ရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန က ကလေးစာပေပွဲတော်များကို
ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ကလေးစာပေပွဲတော်များ အတွင်း ပျော်ပွဲရွှင်ပွဲ၊
ဖျော်ဖြေ ပွဲနှင့် ဆွေးနွေးပွဲ၊ ပြိုင်ပွဲများကြောင့် ကလေးငယ်များ ပိုမို စိတ်လှုပ်ရှား
တက်ကြွစွာ ပါဝင်ခဲ့ကြသည်ကို မြင်တွေ့ရသည်။
ပြည်သူ့ဝန်ဆောင်မှုဌာန
ပြည်သူများရွေးကောက်တင်မြှောက်သည့် အစိုးရသစ်
လက်ထက် တစ်နှစ်တင်းတင်းပြည့်ချိန်တွင် ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့်
ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လည်း အစိုးရယ္တရားကို ပိုမိုချောမွေ့စေရန်နှင့် နိုင်ငံတော်၏
မူဝါဒများအတိုင်း အကောင်အထည်ဖော်စေနိုင်ရန် အားဖြည့်ဆောင်ရွက် လျက်ရှိသည်။
ပြည်သူ့ဝန်ဆောင်မှုဌာနတစ်ခုဖြစ်ပြီး အစိုးရနှင့် ပြည်သူအကြား၊ ပြည်သူမှ ပြည်သူအကြား အသိပညာ၊ ဗဟုသုတများကို ဖြန့်ဝေပေးနေရသည့် ဌာနတစ်ခုလည်း ဖြစ်သည်။ အစိုးရသစ်တာဝန်ယူသည့် တစ်နှစ်တာအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနသည် ကလေး စာပေပွဲတော်များ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း ဟူသည့် ဆောင်ရွက်ချက်များအပြင် အခြားသော အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို မြင်တွေ့ရသည်။

Community စင်တာများ
အထူးသဖြင့် ပြည်သူများအတွက် လွယ်လင့်တကူ
ဗဟုသုတရှာမှီးနိုင်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရန် ပြည်နယ်နှင့်
တိုင်းဒေသကြီးအသီးသီးတွင် စာကြည့်တိုက်များကို Community Centre အဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏
အကူအညီဖြင့် အောင်မြင်စွာ ပြောင်းလဲဆောင်ရွက်နိုင်ခဲ့သည်။
အင်းစိန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် လူမှုအခြေပြု Community စင်တာကို ဗဟိုဌာနအဖြစ် သတ်မှတ်ကာ အမြို့မြို့အနယ်နယ်ရှိ ပြန်/ဆက်ရုံးများကို အဆင့်မြှင့်တင်ပေးသွားမည်ဖြစ် ကြောင်း သိရပြီး ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ မကွေး ခရိုင် နတ်မောက်မြို့နယ်နှင့် နေပြည်တော် ပျဉ်းမနား တို့ တွင်လည်း Community စင်တာများကို ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ကလေးစာဖတ်ခန်း
တစ်နှစ်တာကာလအတွင်း ကလေးများအား စာပေ ဖတ်ရှုမှုအားကောင်းလာစေရန် တွန်းအားတစ်ရပ်အနေဖြင့် ကလေးစာဖတ်ခန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်နှင့် မြို့နယ် ၁၃၃ရုံးတွင် ကလေးစာဖတ်ခန်းများကို ပြင်ဆင်ထားပြီး ကလေးငယ်များအတွက် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပပြု လုပ်ပေးလျက်ရှိကြောင်း၊ တစ်နှစ်တာကာလအတွင်း ရုံးစာကြည့်တိုက်များတွင် ပြည်သူ လုထုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများအဖြစ် ဟောပြောပွဲ (၅၁)ကြိမ်၊ ပုံပြင်ပြောပြိုင်ပွဲ (၂ဝ၇)ကြိမ်၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲ (၄၈)ကြိမ်၊ စာစီစာကုံးပြိုင်ပွဲ အကြိမ်(၂ဝ)၊ စာဖတ်ဝိုင်းများ ကျင်းပခြင်းများ (၂၂၂) ကြိမ်တို့အပြင် နံရံကပ်ဓာတ်ပုံပြပွဲ၊ ပန်းချီသင်တန်း၊ ကဗျာရေးဖွဲ့နည်းသင်တန်းနှင့် လက်မှုအနု ပညာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်း အစည်းအဝေးများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အစိုးရသစ် တစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲ
တိုးတက်မှုများကို လေ့လာကြည့်ရာ သတင်းမီဒီယာ ဖွံ့ဖြိုးရေး ဆွေးနွေးပွဲကျင်းပမှု၊ ရွေ့လျားစာကြည့်တိုက်များနှင့်
အင်တာ နက်လိုင်းများ တပ်ဆင်ပေးမှုတို့ကို မြင်တွေ့ရသည်။
နံရံပေါ်မှ သတင်းထူးများ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည်
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ပြည်သူလူထုနှင့် ထိတွေ့ဆောင်ရွက်နေရသည့်
ဌာနဖြစ်သဖြင့် ထူးခြားသည့် နေ့ရက်များ၊ နိုင်ငံတော်အစိုးရ၏ ထူးခြားသော ဆောင်ရွက် ချက်များကို
အများပြည်သူများ သိရှိစေရန် ရည်ရွယ်ကာ လက်ကမ်းစာစောင်များကို တစ်နှစ်လျှင် ခြောက်ကြိမ်ခန့်နှင့်
တစ်ကြိမ်လျှင် စောင်ရေ နှစ်သိန်းခန့်ကို ရိုက်နှိပ်ကာ ပုံနှိပ် ဖြန့်ဝေလျက်ရှိကြောင်း
သိရသည်။
ထို့အပြင် နိုင်ငံတော်အစိုးရ၏ ဦးစားပေးရသည့် လုပ်ငန်း စဉ်များ၊ အရေးပါသည့် လတ်တလောဆောင်ရွက်ချက်များ၊ အရေးကြီးသည့် အခမ်းအနားများ၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးများကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနားလည်နိုင်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် များ၊ ခရိုင်များ၊ မြို့နယ်များအားလုံးရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးများတွင် နံရံကပ်ဆိုင်းဘုတ်များအဖြစ် ဖော်ပြထားရှိပြီး မှတ်တမ်းဓာတ်ပုံများကို တစ်လလျှင် နှစ်ကြိမ် ခန့် ဖော်ပြပေးခြင်းဖြင့် ပြည်သူများ လွယ်လင့်တကူ သိရှိစေ ရန် ရည်ရွယ်ထားသည်။

ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည်မြှင့်တင်
ထို့အပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဝန်ထမ်း များသည် ပြည်သူလူထုအကြားတွင် ပြန်ကြားဝန်ဆောင်မှုပေး နေသည့် ဌာနဖြစ်သည့်အားလျော်စွာ
အစိုးရသစ် တစ်နှစ်တာ အတွင်း ဝန်ထမ်းများ၏ အရည်အသွေးကိုလည်း မြှင့်တင်ပေး ခဲ့ရာတွင်
အရာရှိမွမ်းမံသင်တန်းများ၊ ဓာတ်ပုံပညာသင်တန်း များ၊ စွမ်းရည်မြှင့်သင်တန်းများကိုလည်း
ဖွင့်လှစ်ပေးခဲ့ပြီး စုစုပေါင်း သင်တန်းသား ၄၇၂ ဦးတို့ကို စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ခဲ့ကြောင်း
သိရှိရသည်။
ထို့အပြင် ပြည်ပသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများသို့
ပြန်/ဆက် ဝန်ထမ်း ၂၃ ဦးကို စေလွှတ်ကာ လူထုအခြေပြု ဝန်ဆောင်မှုလုပ်ငန်းများ အားကောင်းလာစေရန်
ကြိုးပမ်း ခဲ့ပြီး ပြည်တွင်းဌာနများမှ ဖွင့်လှစ်သည့် လူထုပညာပေး သင်တန်းပေါင်း (၂၈)ကြိမ်သို့လည်း
သင်တန်းသား ၃၁ ဦးကို စေလွှတ်ခဲ့သည်။Civil Service သင်တန်းများကိုလည်း ကချင်ပြည်နယ်၊
ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး
သင်တန်းသား ၁၉ဝ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အနုပညာဖြင့် ပညာပေး
ထို့အပြင် ပြည်သူလူထုတို့အတွက် အသိပညာပြန့်ပွားစေ
မည့် ပညာပေးဗီဒီယိုဇာတ်ကား သုံးကားနှင့် ရုပ်မြင်သံကြား ရိုက်ကူးမှု တစ်ကားတို့ကိုလည်း
အစိုးရသစ် တစ်နှစ်တာ အတွင်း ဖန်တီးတင်ဆက်နိုင်ခဲ့သည်။
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါး များကို သုံးစွဲခြင်းဖြင့် လူ့ပတ်ဝန်းကျင်တစ်ခုလုံး ထိခိုက်ကြရပြီး မိမိဘဝနစ်မွန်းစေမည့် အသိပညာပေးမှုအဖြစ် ''သူငယ်ချင်း သုံးယောက်ရှိလေသည်'' ဗီဒီယိုဇာတ်ကားကို လည်းကောင်း၊ လောကနီတိသင်ခန်းစာများကို ပြည်သူများ သတိပွားများ နိုင်စေရေးအတွက် ''အမှိုက်ကစ''ဗီဒီယိုဇာတ်ကားကို လည်း ကောင်း၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတန်ဖိုးထား တတ်စေရေးနှင့် ကာကွယ်စောင့်ရှောက်တတ်စေရေးအတွက် ''စူပါမင်းလည်းမကယ်နိုင်'' ဗီဒီယိုဇာတ်ကားကို လည်းကောင်း ရိုက်ကူးတင်ဆက်ခဲ့သည်။ ထို့အပြင် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်လာပြီး ခေတ်စနစ်နှင့် ဒီမိုကရေစီကျင့်စဉ် နည်းလမ်း ကောင်းများကို ပြည်သူများ သိရှိနားလည် သဘောပေါက် စေရန်အတွက်လည်း ''ဟိုဘက်အိမ်က မီးထိန်ထိန်'' ရုပ်မြင် သံကြားဇာတ်လမ်းကိုလည်း ရိုက်ကူးတင်ဆက်နိုင် ခဲ့ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။

ဘာသာစကားအသုံးပြုမှုတိုးချဲ့
နိုင်ငံတော်အစိုးရသစ် လက်ထက်အတွင်း သတင်း
အချက်အလက်များကို ပိုမိုလွယ်ကူစွာ ရရှိစေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၏Webportal
ကို ယူနီကုတ်စနစ် ဖြစ်သည့်Myanmar 3၊ အသုံးများပြားသည့် Zawgyi မြန်မာဘာသာစကားလုံးသုံးစွဲမှုပုံစံ
နှစ်မျိုးစလုံးဖြင့် အသုံးပြု ရန် ပြင်ဆင်ခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုနိုင်ရန်အတွက်
လည်း တင်ဆက်ခဲ့သည်။
ထို့အပြင် ကမ္ဘာတစ်ဝန်း အသုံးများရေပန်းစားလာသည့်
တွစ်တာလူမှုကွန်ရက်ကို အသုံးပြုကာ အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ်ဖြစ်ပေါ်နေသည့် သတင်းများကို
ဖော်ပြရေးသားခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနှင့်
ပူးပေါင်းကာ ဖေ့စ်ဘုတ်လူမှုကွန်ရက် မှတစ်ဆင့် သတင်းထုတ်ပြန်ခြင်းနှင့် အစိုးရ၏ ရက်တစ်ရာ
ဆောင်ရွက်ချက်ဗီဒီယိုများနှင့် အင်တာဗျူးများ၊ မူဝါဒနှင့် သတင်းများကို လူမှုကွန်ရက်များနှင့်
့YouTube တို့တွင် လွှင့်တင်ခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဒီဂျစ်တယ်ရုပ်ရှင်ရုံများတိုးပွား
တစ်နှစ်တာအတွင်း ဒီဂျစ်တယ်စနစ် ရုပ်ရှင်ရုံများအဖြစ် ပြောင်းလဲရန် ကျန်ရှိနေသည့် ရုပ်ရှင်ရုံများအနက်မှ ၂၉ ရုံကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီး မြန်မာရုပ်ရှင်ဇာတ်ကား ၈၄ ကား၊ နိုင်ငံခြားရုပ်ရှင်ဇာတ်ကား ၉၇ကားနှင့် မြန်မာဗီဒီယို ဇာတ်ကား ၇၈၉ ကားတို့ကို ဆင်ဆာမူဝါဒများဖြင့် စိစစ်ခွင့်ပြုနိုင်ခဲ့ သည်။

နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက်ကျင်းပသည့်
ရုပ်ရှင်ပွဲတော်ပေါင်း ခြောက်ကြိမ်ခန့်ကို တစ်နှစ်တာအတွင်း ကျင်းပနိုင်ခဲ့ပြီး ရုပ်ရှင်ပွဲတော်များအတွင်း
ဇာတ်ကားပေါင်း ၈၄ကားကို ပြသနိုင်ခဲ့သည်။
စိစစ်ချထား ထုတ်ဝေခွင့်ပြု
အစိုးရသစ်၏ ပထမဆုံးသော တစ်နှစ်တာကာလအတွင်း
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ လုပ်ငန်းများအနေဖြင့် တစ်နှစ်တာအတွင်း သတင်းစာ
၃၉ စောင်၊ ဂျာနယ် ၄၇၈ စောင်၊ မဂ္ဂဇင်းအမျိုးအစား ၃၇၂အုပ်၊ အထွေထွေ ထုတ်ဝေ ခြင်းအမျိုးအစား
၁၁ဝ၅ အုပ်၊ သတင်းအေဂျင်စီပေါင်း ၅၂ခုနှင့် ပုံနှိပ်ခြင်းလုပ်ငန်းပေါင်း ၁၃၉၅ခုအထိ ရှိနေကြောင်း
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရ သည်။
မြန်မာ့ရေးရာထုတ်ဝေ
ထို့အပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
တစ်နှစ်တာအတွင်း နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အချက်အလက်များကို
ခေါင်းစဉ်ခွဲခြား၍ သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲများမှ ရရှိသည့် စာတမ်းများကို
စုစည်းကာ ၂ဝ၁၆ခုနှစ် မြန်မာ့ရေးရာ အမှတ် (၁) နှင့် ၂ဝ၁၇ ခုနှစ် မြန်မာ့ရေးရာ အမှတ်(၂)တို့ကို
ထုတ်ဝေ ပြီး ဦးစီးဌာနလက်အောက်ရှိ စာကြည့်တိုက်များသို့ ဖြန့်ဝေ ခြင်း၊ စာပေတိုက်များသို့
ဖြန့်ဝေခြင်းများကို ပြုလုပ်ကာ စာပေ မြင့်မားရေးကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့လျှင် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူ များအတွက် ရည်ရွယ်သည့် ပြည်သူ့ဌာနဖြစ်သည့်
အားလျော် စွာ အသိပညာများ ဖြန့်ဝေခြင်း၊ နိုင်ငံတော်၏ သတင်းအချက် အလက်များနှင့် ဗဟုသုတများ၊
ဖတ်မှတ်လေ့လာသိဖွယ် ရာများနှင့် ထူးခြားသတင်းများကို ပြည်သူ့လက်ဝယ်အရောက် ဖြန့်ဖြူးပေးနေသည့်
ဌာနကြီးတစ်ခုဖြစ်သည့်အပြင် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း၊ ရုပ်ရှင်ဆင်ဆာမူဝါဒများ
စိစစ်ခြင်း၊ မြန်မာ့ ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေခြင်းများကို တစ်နှစ်တာ အတွင်း လုပ်ဆောင်လျက်ရှိနေပါကြောင်း။

No comments:
Post a Comment