မော်လမြိုင်
မတ် ၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်
Bedok Construction & Engineering Co,Ltd တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို မတ်လ (၉) ရက်နေ့၊ နံနက် (၁၀)နာရီအချိန်ခန့်က
မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်း ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာအေးဇံမှ အဖွင့်အမှာစကားပြောကြားပြီး Bedok Construction & Engineering
Co,Ltd ဥက္ကဋ္ဌမှ အခုလိုနားလည်မှုစာချွန်လွှာကို နှစ်ဖက်စုံညီ လက်မှတ်ရေးထိုးပြီးတဲ့
အချိန်ကစပြီး ကျွန်တော် တို့ရဲ့ Bedok Construction & Engineering Co,Ltd အနေနဲ့ မွန်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက်
စီမံကိန်းများချမှတ်ပြီး အစွမ်းကုန်ကြိုးပမ်းအားထုတ်ကား အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
အောင်မြင်စွာ အကောင်အထည်ပြီးသွားရင်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့တကွ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေပါ
လုပ်ငန်းတွေ အားလုံးကို ရာသက်ပန် တည်တံ့ခိုင်မြဲစေရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို
တစ်ဆင့်ထက်တစ်ဆင့် မြင့်မားကြီးပွားလာ စေရေးအတွက်လည်း စီစဉ်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း
သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊
ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ Bedok Construction & Engineering
Co,Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း
သတင်းရရှိသည်။
ပြည်နယ် ပြန်/ဆက်
No comments:
Post a Comment