Wednesday, February 1, 2017

ဒီးမော့ဆိုမြို့၏ မြို့ပြရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသဘောထားပုံစံအား ရှင်းလင်း

ဒီးမော့ဆို            ဖေဖော်ဝါရီ         
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့၏ မြို့ပြရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသဘောထားပုံစံအား ရှင်းလင်းတင်ပြခြင်းကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီအချိန်က ဒီးမော့ဆိုမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးဌာနခွဲ(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ဒီးမော့ဆိုမြို့၏ မြို့ပြရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသဘောထားပုံစံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက စီမံကိန်းသဘောထားပုံစံနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေနွေးကြကြောင်း သိရသည်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် လူထုအခြေပြုခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အပြင် စိုက်ပျိုးရေးလုပ်ငန်းတွင် အရေးပါသည့် မြို့နယ်ဖြစ်သည့်အတွက် မြို့ပြရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသဘောထားပုံစံတွင် ဟိုတယ်ဇုန်နေရာ၊ အဝေးပြေးယာဉ်ရပ်နားနေရာ၊ မြို့ရှောင်လမ်းနှင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများကို ထည့်သွင်း အဆိုပြုထားကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

No comments:

Post a Comment