နေပြည်တော် ဇန်နဝါရီ - ၃
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည်
မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Khaled Mohamed
Abdelrahman Abdelsalam အား ယနေ့ မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊ အီတလီ - မြန်မာချစ်ကြည်ရေးအသင်းဝင်၊
အီတလီလွှတ်တော်အမတ် ဟောင်း Ms. Albertina Soliani အား ယနေ့ မွန်းလွဲ ၃ နာရီတွင် လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ
ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံ သည်။
အီဂျစ်သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအစိုးရ၊
လွှတ်တော်နှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ
ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းဝင်၊ အီတလီလွှတ်တော်
အမတ်ဟောင်းနှင့် တွေ့ဆုံစဉ် အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းအနေဖြင့် မြန်မာနိုင်ငံ၏
ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေမှုများ၊ နှစ်နိုင်ငံအစိုးရ၊ လွှတ်တော်နှင့်
ပြည်သူများ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်သွားနိုင်ရေးတို့နှင့်
ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်
ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment