ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ ရှောက်ချောင်းကျေးရွာအုပ်စု
ရှောက်ချောင်းကျေးရွာရှိ ကွန်ကရစ်တံတား တည်ဆောက်နေမှုကို ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက
တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုး၏
ကြီးကြပ်မှုဖြင့် ကျုံမငေးမြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် တာဝန်ရှိသူများက
ကွန်ကရစ်တံတား တည်ဆောက်နေမှုနှင့် ပတ်သက်၍ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းများ
အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားနိုင်စေရေးအတွက် ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ
လမ်းညွှန်မှာကြားခဲ့ကြောင်း၊ အဆိုပါ အလျား ၆၀ ပေ၊ အနံ ၇ ပေ၊ အမြင့် ၁၅ ပေရှိ ကွန်ကရစ်
တံတားကို ပြည်ထောင်စု လွှတ်တော်ရန်ပုံငွေ ကျပ် ၄၀ သိန်း၊ ဒေသခံပြည်သူလူထု ထည့်ဝင်ငွေ
ကျပ် ၂၀ သိန်းဖြင့် တည်ဆောက်လျက်ရှိပြီး လုပ်ငန်းအားလုံးပြီးစီးသွားပါက လက်ခုပ်၊
အုန်းပင်စု၊ တံတားကြီး၊ ဇလပ်ချောင်း၊ ကွန်းသီးချောင်း၊ ဓားထစ်၊ ကနစိုချောင်း၊ ကဗျက်၊
ကိုးအိမ်စု၊ ရှောက်ချောင်းကျေးရွာများမှ ဒေသခံပြည်သူများ အနေဖြင့် ကျုံမငေးမြို့သို့
အချိန်မရွေး ဆက်သွယ် သွားလာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဝါးခယ်မ (ပြန်/ဆက်)

No comments:
Post a Comment