နေပြည်တော် ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ကော်မရှင်အဖွဲ့ဝင်များသည် မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ နှင့်စပ်လျဉ်း၍ ယနေ့ဆက်လက် ကွင်းဆင်းစစ်ဆေးကြသည်။
ရှေဦးစွာ ကော်မရှင်အဖွဲ့ဝင်များသည် ဘူးသီးတောင် အကျဉ်းထောင်သို့ သွားရောက်ပြီး မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်၊ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက် အကြမ်း ဖက်တိုက်ခိုက်မှု ဖြစ်စဉ်များဖြစ်ပွားပြီးနောက် အမှုဖွင့်အရေးယူ စစ်ဆေးခံနေရသူ အချို့နှင့် တွေ့ဆုံ၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းကြသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ရသေ့တောင်မြို့နယ်ရှိ ကိုးတန် ကောက်စခန်းသို့ ရောက်ရှိကြပြီး အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ကိုးတန်ကောက်စခန်း အား အကြမ်းဖက်တိုက်ခိုက်သူများ ၀င်ရောက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်၊ တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိကာ လက်နက်နှစ်လက် ဆုံးရှုံးခဲ့ရမှုဖြစ်စဉ်နှင့် အကြမ်း ဖက်စီးနင်း တိုက်ခိုက်သူ တစ်ဦး အသေရမိပြီး တစ်ဦးကို အရှင်ဖမ်းဆီးရရှိခဲ့မှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အခင်းဖြစ်ပွားရာ နေရာများသို့ ကွင်းဆင်းကြည့်ရှုပြီး အသေးစိတ် စစ်ဆေးမေးမြန်း သည်။
ထိုမှတစ်ဆင့် ကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့သို့ ရောက်ရှိကြပြီး ကော်မရှင်အဖွဲ့ဝင်များက စစ်တွေအကျဉ်းထောင်သို့ သွားရောက်၍ မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်၊ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် အမှုဖွင့်အရေးယူစစ်ဆေးခံနေရသူ အချို့နှင့်တွေ့ဆုံ၍ ဖြစ်ရပ်အခြေအနေ မှန်ရရှိရေးနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းကြသည်။
အလားတူ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက် ဦးဆောင်သော အဖွဲ့ဝင် များသည် စစ်တွေမြို့၌ INGO နှင့် NGO အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ ဒေသအတွင်းလက်ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့များ ပေးအပ် ဆောင်ရွက်နေမှု အခြေအနေများနှင့် သိရှိလိုသည်များကို မေးမြန်းကြသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့မှတစ်ဆင့် ပြန်လည် ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
Tuesday, December 13, 2016
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်ကော်မရှင် အဖွဲ့ဝင်များ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဆက်လက် ကွင်းဆင်း စစ်ဆေး
နေပြည်တော် ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ကော်မရှင်အဖွဲ့ဝင်များသည် မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ နှင့်စပ်လျဉ်း၍ ယနေ့ဆက်လက် ကွင်းဆင်းစစ်ဆေးကြသည်။
ရှေဦးစွာ ကော်မရှင်အဖွဲ့ဝင်များသည် ဘူးသီးတောင် အကျဉ်းထောင်သို့ သွားရောက်ပြီး မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်၊ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက် အကြမ်း ဖက်တိုက်ခိုက်မှု ဖြစ်စဉ်များဖြစ်ပွားပြီးနောက် အမှုဖွင့်အရေးယူ စစ်ဆေးခံနေရသူ အချို့နှင့် တွေ့ဆုံ၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းကြသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ရသေ့တောင်မြို့နယ်ရှိ ကိုးတန် ကောက်စခန်းသို့ ရောက်ရှိကြပြီး အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ကိုးတန်ကောက်စခန်း အား အကြမ်းဖက်တိုက်ခိုက်သူများ ၀င်ရောက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်၊ တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိကာ လက်နက်နှစ်လက် ဆုံးရှုံးခဲ့ရမှုဖြစ်စဉ်နှင့် အကြမ်း ဖက်စီးနင်း တိုက်ခိုက်သူ တစ်ဦး အသေရမိပြီး တစ်ဦးကို အရှင်ဖမ်းဆီးရရှိခဲ့မှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အခင်းဖြစ်ပွားရာ နေရာများသို့ ကွင်းဆင်းကြည့်ရှုပြီး အသေးစိတ် စစ်ဆေးမေးမြန်း သည်။
ထိုမှတစ်ဆင့် ကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့သို့ ရောက်ရှိကြပြီး ကော်မရှင်အဖွဲ့ဝင်များက စစ်တွေအကျဉ်းထောင်သို့ သွားရောက်၍ မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်၊ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် အမှုဖွင့်အရေးယူစစ်ဆေးခံနေရသူ အချို့နှင့်တွေ့ဆုံ၍ ဖြစ်ရပ်အခြေအနေ မှန်ရရှိရေးနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းကြသည်။
အလားတူ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက် ဦးဆောင်သော အဖွဲ့ဝင် များသည် စစ်တွေမြို့၌ INGO နှင့် NGO အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ ဒေသအတွင်းလက်ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့များ ပေးအပ် ဆောင်ရွက်နေမှု အခြေအနေများနှင့် သိရှိလိုသည်များကို မေးမြန်းကြသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့မှတစ်ဆင့် ပြန်လည် ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment