Tuesday, December 13, 2016

မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့်ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ


မြိတ် ဒီဇင်ဘာ ၁၂
မြိတ်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၅-၂၀၁၆ပညာသင်နှစ် မိဘဆရာ အသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကို ဒီဇင်ဘာလ(၁၂)ရက် နံနက်(၉း၃၀)နာရီက အဆိုပါကျောင်း ပညာရတနာ ခန်းမတွင် ကျင်းပခဲ့သည်။




အခမ်းအနားကို ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ကြပြီး အထက(၃) ကျောင်းအုပ်ဆရာကြီး ဦးအောင်မိုးနှင့် မြို့နယ်ပညာရေးမှူး ဦးဌေးလွင်တို့က အမှာစကားပြောကြားခဲ့ကြပြီး မိဘဆရာအသင်းနှစ်ပတ်လည် အစီရင်ခံစာကို အသင်းအတွင်းရေးမှူး ဆရာမ ဒေါ်လေးနွယ်က ဖတ်ကြားခဲ့သည်။
ယင်းနောက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် မိဘဆရာအသင်းအမှုဆောင်အဖွဲ့ဝင်သစ်များ  ပြန်လည်ရွေးချယ်တင်မြှောက် ခဲ့ကြသည်။
ဆက်လက်၍ ၂၀၁၅-၂၀၁၆ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသူများ၊ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့ကြသူများ၊ လူရည်ချွန်ဆုရသူတို့အား မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် မိဘဆရာ အသင်းဝင်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး မြိတ်  ပြန်/ဆက်)

No comments:

Post a Comment