Wednesday, December 7, 2016

ကျောက်မြောင်းမြို့ စည်ပင်သာယာဈေး မီးဘေးကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်မှု လက်တွေ့ သရုပ်ပြ


 ကျောက်မြောင်း ၊ ဒီဇင်ဘာ ၇ 
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ စည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြိမ်းသတ်မှု လက်တွေ့ သရုပ်ပြပွဲကို ဒီဇင်ဘာလ ၆ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ကျောက်မြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသန့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိ၊ မြို့ဖများ၊ ဈေးကော်မတီဝင် များနှင့် ဈေးသူ၊ ဈေးသားများ ကြည့်ရှုခဲ့သည်။


ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးမြင့်က ဈေးအတွင်း မီးဘေးကြို တင်ကာကွယ်ရေး ပစ္စည်းများထားရှိရေး၊ မီးသတ်ကား အလွယ်တကူ ၀င်ရောက်နိုင်ရန် လမ်းကြောင်းများ ရှင်းလင်းထားရှိမှု၊ အရေးပေါ် မီးငြိမ်းသတ်ရန် လွယ်ကူသော နေရာတွင် မီးသတ်ဆေး ဗူးများ ထားရှိရန်၊ ဈေးပိတ်ချိန်တွင် လျှပ်စစ်မိန်းခလုပ်များ ချထားရန်နှင့် မီးဘေးကြိုတင် ကာကွယ်နည်းများကို ရှင်းလင်းပြောကြားသည်။

ထိုနောက် နယ်မြေမီးသတ်စခန်း တာဝန်ခံ ဦးဇော်လင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အမြုပ်မီး သတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြခြင်းနှင့် ဈေးအတွင်း မီးငြိမ်းသတ်မှု ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။


(ခင်ဦးစိုးဝေ)

No comments:

Post a Comment