နေပြည်တော် ဒီဇင်ဘာ ၇
အင်ဒိုနီးရှားနိုင်ငံ၊
နိုင်ငံခြားရေးဝန်ကြီး Mrs. Retno L.P. Marsudi သည် ဒီဇင်ဘာ (၆) ရက်မှ (၇)ရက်အထိ မြန်မာနိုင်ငံသို့
အလုပ်သဘောခရီး လာရောက်ခဲ့သည်။ ခရီးစဉ်အတွင်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအား ယမန်နေ့ည(၈)နာရီ (၁၅)မိနစ်တွင်
နေပြည်တော်ရှိ ၎င်း၏နေအိမ်၌ လက်ခံတွေ့ဆုံပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါ
ညစာ စားပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ
အင်ဒိုနီးရှား သံအမတ်ကြီး Dr. Ito Sumardi တို့လည်း တက်ရောက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်
အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးတို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အကြား
နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်အတွင်း
နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပြီး၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့်
ရခိုင်ပြည်နယ်မှ အသိုင်းအဝန်းနှစ်ခု တို့အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့်
ကျန်းမာရေးဆိုင်ရာ ကူညီစောင့်ရှောက်မှု အကူအညီများ ပေးအပ်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား
ဆက်သွယ်ညှိနှိုင်းမှုများ တိုးမြှင့်ပြုလုပ်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး
ဝန်ကြီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)
Photo credit;
Ministry of Foreign Affairs Myanmar

No comments:
Post a Comment