Friday, November 18, 2016

ရေစင်​၊​ သောက်​​ရေသန့်​စက်​၊ အဝီစိတွင်းနှင့်​ဆက်​စပ်​ပစ္စည်းများ​ပေးအပ်​လှူဒါန်း


 သထုံ   နိုဝင်ဘာ   ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက် စေတနာ စာကြည့်တိုက်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက်(၁၀)နာရီက ထိုင်းနိုင်ငံခြေစိုက် Complicment  from Singha Corporation Co.Ltd နှင့် Complicment from P.S.MAESOT IMPORT EXPORT Ltd. Part. တို့ပူးပေါင်းကာ သိမ်ဆိပ်ရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်းအနီးတွင် ကျောင်းသားကျောင်းသူ များနှင့် အများပြည်သူများ လာမည့်နွေကာလ ရေရှားပါးမူကင်းဝေး နိုင်ရေးကို အထောက်အပံ့ ဖြစ်စေနိုင်ရန်အတွက် တည်ဆောက်ပေးထားသည့် ရေစင်ရေသန့်စက်၊ အဝီစိတွင်းနှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


လှူဒါန်းပွဲတွင် အလှူရှင်များက ရေစင်ရေသန့်စက်၊ အဝီစိတွင်းနှင့် ဆက်စပ်ပစ္စည်းများနှင့် သက်ဆိုင် သည်တို့ကို ပေးအပ်ရာ စေတနာ (အခမဲ့) လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးကျော်ထိုက်ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်​​ပြောကြားခဲ့သည်။ ယင်းနောက် အလှူရှင်အဖွဲ့သည် သိမ်ဆိပ်၊ အခြေခံပညာအထက်တန်ကျောင်းသို့သွားရောက်ပြီး KG တန်းအတွက် ငွေကျပ်(၄၈၀၀၀၀ိ/-)တန်ဘိုးရှိ စာရေးကိရိယာများ၊ အားကစားပစ္စည်း များနှင့်သင်​​ထောက်ကူပစ္စည်းများကိုလည်း သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

“ဒီကျောင်းမှာ တစ်နေ့ကို ရေလီတာ ၁၀၀၀ လောက် ကုန်တာပေါ့။ ဒီလိုပူပြင်းတဲ့ကာလ ရောက်ရင် ရေအခက်အခဲကြုံရတယ်။ ရေမသန့်ရင် ကလေးတွေအတွက် ၀မ်းရောဂါနဲ့ အခြားရောဂါမျိုး တွေ စိတ်ပူရတယ်။ အဓိကကတော့ သောက်ရေက သန့်စင်ဖို့လိုတယ်။ ခုတော့ စိတ်အေးရပြီ နီးနီးလေးနဲ့ သောက်ရေသန့်တွေကို အချိန်ပြည့် လိုသလောက်ရတာဆိုတော့ အရမ်းဝမ်းသာ ပါတယ်” ဟု သိမ်ဆိပ် အထကကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

အဆိုပါကုမ္ပဏီနှစ်ခု ပူးပေါင်း၍ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ နှင့် ဘုန်တော်ကြီးသင်ပညာရေးကျောင်း (၂၀)ကျောင်းခန့် တို့တွင် သောက်​​ရေသန့် စက်များ သွားရောက်လှူဒါန်းခဲ့ပြီး သထုံမြို့နယ်အတွင်း ပထမဆုံးအကြိမ်အဖြင့် ယခုလို လှူဒါန်းခြင်း ဖြစ်ကာ အခြားလိုအပ်သည်ကျောင်းများသို့လည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။



သက်ဦး(သထုံ)

No comments:

Post a Comment